
MT News
၄. ၄. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် “လေးစားအပ်ပါသော သမ္မတကြီးခင်ဗျား”ဟု ဂုဏ်ပြုခေါ်ဆိုထားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သမ္မတအဖြစ် အဆွေတော်ရွေးကောက်တင်မြှောက်ခံရသည်ကို သိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် တရုတ်အစိုးရနှင့် ပြည်သူများကိုယ်စား အဆွေတော်ထံသို့ စစ်မှန်သော ဂုဏ်ယူဝမ်းမြောက်စကားများ ပါးအပ်ပါသည်။”ဟု ဖော်ပြထားသည်။
ထို့အပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တောင်နှင့်ရေချင်းထိစပ်နေသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီး ချင်းနိုင်ငံများဖြစ်ကြပြီး ကျွန်ုပ်တို့၏ ပြည်သူနှစ်ရပ်သည် ရှေးယခင်ကတည်းက တည်ရှိခဲ့သော “ဆွေမျိုး ပေါက်ဖော်” ချစ်ကြည်ရေးကို ခံစားကြရပါသည်။ နှစ်ဖက်စလုံးသည် အတူတကွ လက်ကိုင်ထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး (၅) ချက်၏ စိတ်ဓာတ်ကို လက်ခံကိုင်စွဲထားကာ ချစ်ကြည် ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားရှိပြီး အပြန်အလှန် လိုအပ်နေချိန်များတွင်လည်းကောင်း၊ အဓိကအကျိုးစီးပွားများနှင့် အရေးကြီးသော ကိစ္စရပ်များတွင်လည်းကောင်း အခိုင်အမာ ထောက်ခံအားပေး ခဲ့ကြသည်မှာ အေးအတူပူအမျှဖြစ်သော “တရုတ်-မြန်မာ အနာဂတ်ကံကြမ္မာ အတူတကွ ဖော်ဆောင်သည့် လူ့အဖွဲ့အစည်း” ၏ နက်ရှိုင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အပြည့်အဝဖော်ပြနေပါသည်။ ကျွန်ုပ်တို့သည် ပြီးခဲ့သည့်နှစ်တွင် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး “တရုတ်-မြန်မာ အနာဂတ်ကံကြမ္မာ အတူတကွ ဖော်ဆောင်သည့် လူ့အဖွဲ့အစည်း” တည်ဆောက်မှုကို မြှင့်တင်ရန် အရေးကြီးသောဘုံသဘောတူညီချက်သို့ရောက်ရှိခဲ့ကာ ယခုအခါ နှစ်ဖက်စလုံးမှ သက်ဆိုင်ရာ ဌာနများနှင့် ဒေသအာဏာပိုင်အသီးသီးတို့က တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်ဟုလည်း ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။
ယင်းအပြင် ယခုနှစ်သည် တရုတ်နိုင်ငံ၏ (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်း စတင်သည့်နှစ်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်တစ်ခုသို့ စတင် ခြေလှမ်းသည့်နှစ်လည်းဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အလွန် အလေးထားပြီး မဟာဗျူဟာမြောက်ဖလှယ်မှုများကို မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အနာဂတ်ကံကြမ္မာ အတူတကွ ဖော်ဆောင်သည့် လူ့အဖွဲ့အစည်း” တည်ဆောက်မှုကို မြှင့်တင်ရန် အရေးကြီးသောဘုံသဘောတူညီချက်သို့ရောက်ရှိခဲ့ကာ ယခုအခါ နှစ်ဖက်စလုံးမှ သက်ဆိုင်ရာ ဌာနများနှင့် ဒေသအာဏာပိုင်အသီးသီးတို့က တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်ဟုလည်း ရှီကျင့်ဖျင်က ဂုဏ်ပြုသည်။
အထက်ပါဂုဏ်ပြုမှုများအပြင် ယခုနှစ်သည် တရုတ်နိုင်ငံ၏ (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်း စတင်သည့်နှစ်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်တစ်ခုသို့ စတင် ခြေလှမ်းသည့်နှစ်လည်းဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အလွန် အလေးထားပြီး မဟာဗျူဟာမြောက်ဖလှယ်မှုများကို မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်နှင့် “တရုတ်-မြန်မာ အနာဂတ်ကံကြမ္မာ အတူတကွဖော်ဆောင်သည့်လူ့အဖွဲ့အစည်း” တည်ဆောက်ရာတွင် ပိုမိုနက်ရှိုင်း၍ ခိုင်မာသောတိုးတက်မှုများရရှိစေရန် သင်နှင့်အတူ ပူးပေါင်းဆောင်ရွက် သွားရန် အသင့်ရှိပါသည်။ ထိုမှတစ်ဆင့် ကျွန်ုပ်တို့၏ ပြည်သူနှစ်ရပ်အတွက် ပိုမိုကြီးမားသောအကျိုးကျေးဇူး များကို ဆောင်ကြဉ်းပေးနိုင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုပါဝင်ကူညီပေး နိုင်ရန် မျှော်လင့်ပါသည်ဟု ဖော်ပြထားသည့်အပြင်မြန်မာနိုင်ငံ သာယာဝပြောပါစေကြောင်းနှင့် မြန်မာပြည်သူများ ပျော်ရွှင်ချမ်းမြေ့ပြီး ကျန်းမာကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု ရှီကျင့်ဖျင်က သဝဏ်လွှာပေးပို့ခဲ့သလို အဆွေတော်၏ မြင့်မြတ်သောရာထူးတာဝန်တွင် အောင်မြင်မှုအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းအပ်ပါသည်ဟုလည်း ဂုဏ်ပြုပေးခဲ့သည်။
