၃.၄.၂၀၂၆
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် စည်ဖြိုးနဲ့ သရုပ်ဆောင် ခင်လွှမ်းတို့ရဲ့ ဒုတိယမြောက် သားယောကျ်ားလေးကို ယနေ့ ဧပြီ ၃ ရက် သောကြာနေ့က ရန်ကုန်မြို့ မိုးကောင်းရတနာဆေးရုံကြီးမှာ မွေးဖွားခဲ့ပါတယ်။
“ကျွန်တော်လို့လိုချင်တဲ့ ရက်အတိုင်း သားလေး Hydra ကို သောကြာနေ့ စုဗူးဖောက်အပြီး ဘဒ္ဒကမ္ဘာကြီးသို့ Hydra ရောက်ရှိလာပါပြီ”လို့ သရုပ်ဆောင် စည်ဖြိုးက ပရိသတ်ကိုရင်ဖွင့်လာပါတယ်။
သူဟာတော့ ဒုတိယမြောက် ရင်သွေးလေးကို ယနေ့ သောကြာနေ့မှာ မွေးဖွားခဲ့တာပါ။ စည်ဖြိုးရဲ့ ပထမရင်သွေးက သမီးမိန်းကလေးဖြစ်ပြီး ၆ နှစ်အရွယ်ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့ မိသားစုထဲသို့ စတုတ္တမြောက် မြေး ယောက်ကျားလေးကို သားကြီးစည်ဖြိုး၊ သမီးခင်လွမ်းတို့ရဲ့ ဒုတိယရင်သွေး မမရှန်ဒရာရဲ့ မောင်လေး Hydra လေးကို ဒီမနက်ပဲကောင်မွန်ချောမွေ့စွာ ဖွားမြင့်ခဲ့ပါတယ်”လို့ စည်ဖြိုးရဲ့ဖခင်က ရင်ဖွင့်လာပါတယ်။
#စည်ဖြိုး #SiPhyo #MyanmarActor #MyanmarCele #ခင်လွှမ်း #KhinHlwan #HydraNaungSi #CeleBaby





