

သတိုး
၃. ၄. ၂၀၂၆
နိုင်ငံတော် သမ္မတ ရွေးချယ်ပွဲကို ဒီနေ့မနက် ၁၀ နာရီအချိန် စတင်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်ပြုလုပ်တော့မှာဖြစ်လို့ မကြာမီ မြန်မာနိုင်ငံရဲ့ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတသစ် ပေါ်ထွန်းလာတော့မှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က ဒုတိယသမ္မတအဖြစ် ကရင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကို ရွေးကောက်တင်မြှောက်ထားပြီး ဒီပုဂ္ဂိုလ်သုံးဦးက ဒီမနက်မှာ နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်ခံကြရတော့မှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတရွေးချယ်ပွဲမှာ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတအဖြစ် အစိုးရအဖွဲ့ ဖွဲ့ခွင့်ရမည်ဖြစ်ပြီး ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ (၁) နဲ့ မဲအနည်းဆုံးရသူက ဒုတိယသမ္မတ (၂) ဖြစ်လာမှာလည်းဖြစ်ပါတယ်။
