ကင်းတားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့က စစ်ဆေးခဲ့စဉ်

၂၇. ၂. ၂၀၂၃
Written by Thuta Zaw

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကျီတိုင်ကျေးရွာအနီးရှိ ကင်းတားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် မြန်မာ့ ပထမဆုံး ၅၀၀ ကေဗွီအေ ဓာတ်အားခွဲရုံစီမံကိန်းမှာလည်း ၇၃ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံက သိရသည်။

ကင်းတားစီမံကိန်းမှာ မြေဧရိယာ ၁၃၂ ဒသမ ၃၅ ဧကပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၃၀ မဂ္ဂါဝပ်ဖြစ်ကာ လက်ရှိအချိန်တွင် ၁၉ မဂ္ဂါဝပ်ခန့် စမ်းသပ်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းဖြင့် ကင်းတား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပိုလွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

၅၀၀ ကေဗွီအေ ဓာတ်အားခွဲရုံစီမံကိန်းမှာ ကံကောင်း ဓာတ်အားခွဲရုံ စီမံကိန်းဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၉၃) အနီးတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၃ ဒသမ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *