MT News

Translated by Htwe Ko Tun

ဖေဖော်ဝါရီ ၆ ရက်မှစ၍ အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံများစွာပြိုကျပျက်စီးကာ ပြည်သူ ၁ ဒသမ ၅ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသည့် တူရကီနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ပြင်းအားရစ်ချ်တာစကေး ၅ ဒသမ ၃ ရှိ ငလျင် ထပ်မံလှုပ်ခတ် သွားခဲ့ကြောင်းသိရသည်။

ငလျင်က နိုင်ငံအလယ်ပိုင်း Nigde ပြည်နယ်အတွင်း မြေအောက်အနက် ၁၀ ကီလိုမီတာ( ၆ ဒသမ ၄ မိုင်) ကို ဗဟိုပြုလျက် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် အထိအခိုက် အသေအဆုံးရှိ မရှိ မသိရသေးချေ။

တူရကီနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ငလျင်ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်နေသူများအတွက် အိမ်ယာ အဆောက်အအုံသစ်များ ပြန်လည်ဆောက်လုပ်ရေးအတွက် အစိုးရက စီမံကိန်းစတင်စဥ်မှာပင် ဤကဲ့သို့ အင်အားအသင့်အတင့်ပြင်းထန်သောငလျင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

Ref—India Today

Leave a Reply

Your email address will not be published. Required fields are marked *