ပစ်ပေါက်ခဲ့သည့်လက်ပစ်ဗုံး၊ သက်မဲ့ပြုလုပ်ပြီးမြင်ကွင်း။

MT News

Written by Min Mahar

ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက ပျဥ်းမနားမြို့ရှိ ဘောဂဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်ခံရကာ ပေါက်ကွဲမှုမရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားမြို့၊ ဘောဂဝတီရပ်ကွက်၊ နေကြာလမ်းနှင့် မေတ္တာ ၃ လမ်းထောင့်ရှိ ဘောဂဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးဖြင့် လူငယ် ၂ ဦးက လက်ပစ်ဗုံးတစ်လုံး ပစ်ပေါက်ခဲ့ရာ ရုံး၏နောက်ကျောဘက် ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်ခဲ့ရကြောင်း သိရသည်။

အဆိုပါလက်ပစ်ဗုံးသည် MG 1 အမျိုးအစား လက်ပစ်ဗုံးဖြစ်ပြီး သက်မဲ့ပြုလုပ်ရှင်းလင်းနိုင်ခဲ့ကာ လူနှင့်အဆောက်အဦထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြာင်းနှင့် လာရောက်ပစ်ပေါက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *