MT News

Written By Thandar

အသံအားကောင်း‌ကောင်းကြောင့် ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ အဆိုတော်နီနီခင်ဇော်ကတော့ သူမကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထာဝရလက်တွဲဖော်ချစ်သူကို ပရိသတ်ရှေ့မှာ ချပြလာပါတယ်။

“အားလုံးကို နှလုံးသားနဲ့ ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ငါ့ဘဝအတွက် မင်းရဲ့ချစ်ခြင်းမေတ္တာက မျက်စိနဲ့မြင်နိုင်တဲ့ အရာထက်ကျော်လွန်နေပါတယ်။ မင်းရဲ့ဆယ်စုနှစ်တစ်ခုရဲ့ စောင့်မျှော်မှုဟာ ဖြစ်နိုင်တာထက် ပိုတန်ဖိုးရှိမယ်လို့ ကတိပေးပါတယ်”လို့ အဆိုတော်နီနီခင်ဇော်က ဆိုပါတယ်။

သူ့မကိုတော့ Proposed လုပ်ခဲ့တဲ့ ရက်တုန်းကလည်း ပရိသတ်စိတ်ဝင်စားမှုမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ မကြာခင် ရက်ပိုင်းကလည်း “ချစ်သူ”ဆိုတဲ့ တေးသီချင်းကို အောင်ထက်နဲ့အတူ သီဆိုထားတဲ့ သီချင်းကိုလည်း ထွက်ရှိထားပါတယ်။ ပရိသတ်ကို အတိအလင်းချပြလာတဲ့ ပုံတွေရဲ့အောက်မှာ ”

Congratulations ၊အပြစ်မမြင်ရင် ကျေနပ်စရာပါ ၊ So Sweet , တခြားသူတွေနဲ့ နင်ပျော်တာတွေ့တော့…..၊ ကိုယ့် Idol မှာတောင် သက် ဆိုင်သူနဲ့ဖြစ်သွားပြီ ၊ အရမ်းတွေပျော်နေသော” စတဲ့ ပရိသတ်တွေ အနုပညာမောင်နှ‌မတွေက Comment ပေးထားကြတာလည်း တွေ့ရပါတယ်။

လက်ထပ်ခွင့်တောင်းစဉ်က ပုံလေးနဲ့ “ပန်းကလေးတစ်ပွင့်ဟာ.. တန်ဖိုးထား ယုယစွာနဲ့ ပျိုးထောင်တတ်တဲ့ ဥယျာဉ်မှူးလက်ထဲ လှပစွာဖူးပွင့်နေတော့မှာပါ I said YES ) “လို့လည်း ရေးသားဖော်ပြထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *