၂.၄.၂၀၂၆
Written By Thandar
အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “ဗေဒါ” ဇာတ်လမ်းတွဲမှာ ရိုးသားတဲ့တံငါရွာလေးတစ်ရွာမှာ ကြေကွဲဖွယ် အမှန်တရားတွေကြားထဲက လူသစ်ဆိုတဲ့ကာရိုက်တာနဲ့ ခက်ခက်ခဲခဲ ပါဝင်ရိုက်ကူးခဲ့တယ်လို့ သရုပ်ဆောင် စစ်နိုင်က ပြောပါတယ်။
“ဗေဒါ ဇာတ်လမ်းတွဲလေးကတော့ ပင်လယ်ကမ်းခြေမှာ ရိုက်ထားတဲ့ တံငါလုပ်သားလူသစ်ကာရိုက်တာနဲ့ပါဝင်ထားတယ်။ အဓိကတော့ ငွေကြေးချမ်းသာမှမဟုတ်ဘူး။ လောဘ ဒေါသ မောဟတွေနဲ့ ရှင်သန်ရတဲ့ တကယ်မရှိဆင်းရဲသားတွေနဲ့ပေါ့။ ဗေဒါဆိုတဲ့ ကောင်မလေးလေ။ တံငါကျေးရွာမှာ ကြီးပြင်းခဲ့တဲ့သူဆိုတော့ သူ့ဘဝဇာတ်လမ်းလေးနဲ့ ကျွန်တော့်ကာရိုက်တာ က ရေလုပ်သားဆိုပေမယ့် အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်ရဲ့ ဘဝသရုပ်ဖော် ဇာတ်လေးပါ။ တံငါရွာလေးတစ်ရွာရဲ့ ရိုးသားမှုတွေ၊ ဘဝရဲ့ ကြေကွဲဖွယ်အမှန်တရားတွေကြားထဲမှအက်ရှင်ရော ဒရာမာရော ရသစုံပါတယ်။ ဒီဇာတ်လမ်းတွဲရိုက်ကူးချိန်မှာ အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော် အရမ်းရိုက်ချင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ထဲမှာလည်း ပါပါတယ်။ ကျွန်တော့်ရဲ့ ကာရိုက်တာ ဇာတ်ရုပ်တွေရော Location တွေလည်း မထပ်ရအောင် စေတနာ ရိုက်ကူးထားကြတာပါ။ ပင်လယ်ထဲမှာ ခက်ခက်ခဲခဲ ရိုက်ထားတဲ့ ဇာတ်ဝင်ခန်းတွေပါတာမို့ အားပေးကြပါဦးလို့ ပြောချင်ပါတယ် ”လို့ သရုပ်ဆောင် စစ်နိုင်က MT Entertainment ကိုပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းကို ကိုငယ် (စိတ်ပညာ)က ရေးသားပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာဇော်ထွန်းက တံငါရွာလေးတစ်ရွာရဲ့ ရိုးသားမှုတွေ၊ ဘဝရဲ့ကြေကွဲဖွယ်အမှန်တရားတွေကြားထဲမှာ “ဗေဒါ” ဆိုတဲ့ ဖြူစင်ပြီး အပြစ်ကင်းစင်သော မိန်းကလေးတစ်ယောက်ရဲ့ ရင်နင့်စရာ ဘဝဇာတ်ကြောင်းကို အပီပြင်ဆုံး ပုံဖော်ရိုက်ကူးထားတယ်လို့သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ စစ်နိုင်၊ ထူးခြား၊ ဒေါင်းဝေ၊ မျိုးကို၊ ရွှေပိုးအိမ်၊ သာသာ၊ သွန်းဆုနဒီ၊ ရွှေကိန္နရီ၊ မင်းဇော်၊ ဖိုးကျော်၊ ဟိဏ်းစစ်၊ ဇော်ပိုင်၊ ဇော်ဝိုင်း၊ တိုးတက်အောင်၊ အောင်ကျော်မိုး၊ ဇေယျာလင်း၊ ချစ်စုစုဟန်၊ ဝါဝါဝင်း၊ကံ့ကော်ပြည့်စုံသူတို့ ပါဝင်ထားကြပါတယ်။
မိနစ် ၄၀ စာ အပိုင်း ၁၅ ပိုင်းပါဝင်မယ့်”ဗေဒါ” ဇာတ်လမ်းတွဲကို လာမယ့် ဧပြီလ ၄ ရက်ကနေစတင်ပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း Mahar Application က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
#ဗေဒါ #စစ်နိုင် #ထူးခြား #ဒေါင်းဝေ
#မျိုးကို #ရွှေပိုးအိမ် #သာသာ #သွန်းဆုနဒီ #ရွှေကိန္နရီ #မင်းဇော် #ဖိုးကျော် #ဟိဏ်းစစ်
ဝါဝါဝင်း #ကံ့ကော်ပြည့်စုံ
maharmalaysia #maharapplication
မဟာနဲ့ဆိုဇိမ်ပဲ #ဗေဒါ
ဆယ်ခွဲလောက် တင်ပေးပါ
