၁.၄.၂၀၂၆
Written By Thandar
တစ်ချိန်က အလှမယ်လောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ အလှမယ် သရုပ်ဆောင်ဟန်သီကတော့ မကြာခင်ကျင်းပမယ့် Miss Universe Myanmar 2026 ပြိုင်ပွဲကြီးမှာ တတိယအကြိမ်မြောက် Comeback အနေနဲ့ ပါဝင်ယှဉ်ပြိုင်လာမှာလည်းဖြစ်ပါတယ်။
“Former Queen ” ဟန်သီ ” ကတော့ I’m back ပါ”လို့ အလှမယ် သရုပ်ဆောင် ဟန်သီက ပရိသတ်ကို အသိပေးလာပါတယ်။
သူမကတော့ ၂၀၁၄ ခုနှစ်က Miss Supranational Myanmar 2014 ဆု၊ Miss Supranational 2014 – Top 10 အထိရရှိခဲ့ပြီး Asia & Oceania Winner and Miss Internet Award ဆုကို ရရှိခဲ့တာပါ။ အဲဒီနောက် ဟန်သီက ၂၀၁၈ ခုနှစ်မှာ Miss Myanmar World 2018 ဆု၊ Miss World 2018 – Head to Head Challenge Winner and Top 25 Beauty with a purpose ဆုတွေကို ရရှိထားခဲ့သူလည်းဖြစ်ပါတယ်။
အလှမယ် သရုပ်ဆောင် ဟန်သီကတော့ ၂၀၁၂ ခုနှစ် အသက် ၁၄ နှစ်အရွယ်ကနေစပြီး Model လောကထဲကတစ်ဆင့် Miss လောကထဲကို ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ယခုနှစ်အတွက် Miss Universe Myanmar 2026 ပြိုင်ပွဲကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အနုပညာလောမှာ လျှောက်လှမ်းခဲ့တာ ကြာခဲ့ပြီဖြစ်တဲ့ Model သရုပ်ဆောင် မေဂရေ့စ်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။
#ဟန်သီ #အလှမယ်ဟန်သီ #HanThi
MissMyanmar #MissSupranationalMyanmar #MissWorld2018
#missmyanmarworld2018 #hanthi #MyanmarModel
တင်ပေးပါ
