နေမိုး
၃၀. ၃. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နယ်မြေလုထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကြောင်ချောင်းရွာကို တပ်မတော်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ခုနစ်ဦးသေသွားတယ်လို့ AA က ဒီမနက်မှာ ဝန်ခံလာပါတယ်။
ဖြစ်စဉ်က ၂၀၂၆ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၊ ညနေ (၄) နာရီ (၀၅) မိနစ်အချိန်မှာ ရခိုင် AA က ကိုယ်နဲ့ မသက်ဆိုင်ဘဲ နယ်မြေလုသိမ်းထားတဲ့ ချင်းပြည်နယ်ရဲ့ မြို့ဖြစ်တဲ့ ပလက်၀မြို့၊ ကြောင်ချောင်းရွာကို ဂျက်ဖိုက်တာ (၂) စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်၊ ရော့ကတ်နဲ့ တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာမှာ လူခုနစ်ဦးသေဆုံးသွားပြီး လေးဦးဒဏ်ရာရရှိခဲ့သလို လူနေအိမ်တွေလည်း မီးလောင်သွားတယ်ပြောပါတယ်။


တပ်မတော်ဟာ AA အပါအဝင် နယ်မြေလုထားတဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကို လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ တရားဝင်ထုတ်ပြန်ပြီးချိန်မှာ ဒီလိုအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ယှဉ်တွဲမနေဖို့ စဉ်ဆက်မပြတ် အသိပေးကြေညာခဲ့လို့ ပြည်သူအများစုဟာ မြို့ရွာတွေကို စွန့်ခွာနေချိန်မှာ AA လက်နက်ကိုင်တွေရဲ့ မိသားစုဝင်တွေက ပြည်သူစွန့်ခွာသွားတဲ့အိုးအိမ်တွေမှာ ဝင်ရောက်နေထိုင်နေကြပြီး လေကြောင်းတိုက်ခိုက်ခံရချိန်တိုင်းမှာ ပြည်သူကိုတိုက်ခိုက်နေတာပါလို့ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က လိမ်လည်ထုတ်ပြန်လျက်ရှိနေပါတယ်။
