၃၀.၃.၂၀၂၆
Written by Thiri
လာမယ့် ဧပြီ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် ပဲခူးမြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးမြို့တော်ခန်းမရှေ့မှာ ဗဟိုမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ကို ကျင်းပဖို့စတင်ပြင်ဆင်ဆောက်လုပ်နေပြီဖြစ်ကာ ယိမ်းအကပြိုင်ပွဲတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



နေ့စဉ်နံနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ တေးဂီတဖျော်ဖြေရေးအစီအစဉ်တွေ၊ ဌာနဆိုင်ရာနဲ့ မြို့ပေါ်ရပ်ကွက်တွေက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့တွေရဲ့ကပြဖျော်ဖြေယှဉ်ပြိုင်မှုတွေ စတုဒီသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်တွေနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကို ဆေးရုံလမ်းနဲ့ ပြည်တော်သာလမ်းတစ်လျှောက်အတိုင်း ကျင်းပပြုလုပ်သွားမှာဖြစ်ကာ ယိမ်းအကပြိုင်ပွဲတွေအနေဖြင့် ဌာနဆိုင်ရာကိုယ်စားပြုယိမ်းအဖွဲ့(၇)ဖွဲ့၊ ရပ်ကွက်/ကျေးရွာကိုယ်စားပြုယိမ်းအဖွဲ့(၁၂)ဖွဲ့၊ စုစုပေါင်းယိမ်းအဖွဲ့(၁၉)ဖွဲ့တို့က ယှဉ်ပြိုင်ဖျော်ဖြေကြမှာဖြစ်ကြောင်းလည်း သိရပါတယ်။
