၃၀.၃.၂၀၂၆
Written by Nay Yaung
ပြည်သူ့လွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့ကို အမည်စာရင်းတင်သွင်း အဆိုပြုလိုက်ကြောင်း သိရသည်။
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးနှင့် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို မတ်လ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ဒုတိယသမ္မတလောင်းများ အသီးသီးအဆိုပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတလောင်းအဖြစ် ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ဌေးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမည်စာရင်တင်သွင်းခဲ့ပြီး ကြံခင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေကို အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။







