၂၇. ၂. ၂၀၂၃
Written By Thandar

မျက်လုံးပြာပြာလေးကြောင့် ပရိသတ်အားပေးမူကို ရရှိခဲ့တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကတော့ အနုပညာနဲ့ပတ်သက်ပြီး နေ့တိုင်းလည်း ကိုယ့်ကိုကိုယ့် ယှဥ်ပြိုင်မူတွေနဲ့ အမြဲ Update ဖြစ်အောင် ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

“မေလေး အနုပညာအလုပ်ပဲ လုပ်တတ်တယ်ဆိုပေမယ့် အိမ်ထောင်ကျတဲ့အချိန်မှာ မေလေး အနုပညာနဲ့ နည်းနည်း အလှမ်းဝေးသွားခဲ့တယ်။ မေလေးက ငယ်ငယ်ထဲက အနုပညာကို ဝါသနာပါတယ်လေ။ မေလေး အနုပညာပြန်လုပ်ချိန်မှာလည်း မေလေးကို ပရိသတ်မြင်နေကျပုံစံတွေနဲ့ မသွားချင်ဘူး။၂၀၂၃ ထဲမှာ မေလေးကို မြင်နေကျမဟုတ်ဘဲနဲ့ ကွဲထွက်တဲ့ Mood တွေနဲ့မျက်နှာ ဖက်ရှင်ဒီဇိုင်းတွေနဲ့ အဆန်းအပြားတွေနဲ့ ပရိသတ်ကြီးကို မေလေးက ပြချင်တာပါ”လို့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

သူမက အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသလိုဖြစ်ခဲ့တာ အိမ်ထောင်ကျပြီး စီးပွားရေးအပိုင်းကို သိပ်နားမလည်တဲ့ အောက်ခြေကစ ပြန်လေ့လာခဲ့ရတာကြောင့်လို့ ဆိုပါတယ်။ လက်ရှိမှာ စီးပွားရေးကို အထိုက်အလျှောက် နားလည်လာပြီမို့ ကိုယ့်ရဲ့ ငယ်စဥ်က ဝါသနာပါတဲ့ အနုပညာကို ပြန်လုပ်ခွင့်ရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်နေတာကလည်း ခင်ပွန်းသည်နဲ့ သားလေး နှစ်ယောက်က နားလည်မူတွေ ပေးထားတာကြောင့်မို့လို့ ဆိုပါတယ်။

“မေလေးတို့ အနုပညာနဲ့ပတ်သက်ပြီး ဝမ်းစာကတော့ အမြဲတမ်းဖြည့်ရတယ်လေ။ မေလေး ခေတ်က လိမ်းချယ်တဲ့ မိတ်ကပ်ကအစ ဖက်ရှင်တွေလည်း အများကြီးပြောင်းလဲလာတာဆိုတော့လေ။ လုံးဝကို တခြားစီပဲလေ။ မေလေးက ဖက်ရှင်တွေ လိမ်းခြယ်မှုတွေကို နေ့တိုင်း Instagram ကြည့်ရတယ်။ လူငယ်တွေရဲ့ ဘယ်လို Post တွေ ခေတ်စားကြလဲ။ လူငယ်တွေနဲ့ ရင်ပေါင်တန်းနိုင်အောင် သူတို့ ဘယ်လို Turn ကြိုက်ကြလဲဆိုတာ လေ့လာရတယ်။ အနုပညာဆိုတာ ဘယ်တော့မှတတ်သွားတယ်ဆိုတာမရှိဘူး။ အနုပညာဝမ်းစာကတော့ နေ့တိုင်းကို ဖြည့်နေရပါတယ်။ နေ့တိုင်းလည်း ကြိုးစားနေရတယ်။ အနုပညာနဲ့ပတ်သက်ပြီး နေ့တိုင်းလည်း ကိုယ့်ကိုကိုယ့် ယှဥ်ပြိုင်မူတွေနဲ့ အမြဲ Update ဖြစ်အောင် ကြိုးစားနေရတယ် ” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *