MT News

Written by Thettant

အမေရိကန်ပြည်ထောင်စုရောက် မြန်မာများက ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တို့တွင် မြန်မာ့အရေး ဆန္ဒပြချီတက်ပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို New York City Burmese Community က ဦးဆောင်ကျင်းပပြီး ဆန္ဒပြတောင်းဆိုသူများက မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန် တောင်းဆိုခဲ့ကြသည်။

ထိုတောင်းဆိုပွဲကို ဝါရှင်တန်ဒီစီဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့်အတူ နယူးယောက်၊ အင်ဒီယားနား၊ မေရီလန်း၊ ဗာဂျီးနီးယား၊ မြောက်ကယ်ရိုလိုင်းနား၊ တင်နက်စီ၊ ကင်တက်ကီ စသည်တို့မှ အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး ဒေသစံတော်ချိန် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီထိ ကျင်းပခဲ့ကာ ချီတက်ပွဲနှင့်အတူ No Fly Zone သရုပ်ပြအစီစဉ်များကိုလဲ ထည်သွင်းကျင်းပခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *