MT News

Written by Min Mahar

ပခုက္ကူမြို့နယ်တွင် ဖေဖော်ဝါရီ ၂၅ ရက် ညဉ့်​နက်ပိုင်းက အမျိုးသားတစ်ဦးအား PDF အဖွဲ့ဝင် ၁၅ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကာ အလောင်းအား ဖေဖော်ဝါရီ ၂၆ ရက် မနက်မှ ပြန်တွေ့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကြီးရွာကျေးရွာတွင်နေထိုင်သည့် အသက် ၄၂ နှစ်အရွယ်ကွမ်းရောင်းဝယ်ရေးလုပ်ကိုင်သူနေအိမ်အား ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က PDF အဖွဲ့မှ ၁၅ ဦးခန့်ရောက်ရှိလာပြီး အဆိုပါအမျိုးသားအားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းတွင် မိသားစုဝင်များမှ လိုက်လံရှာဖွေခဲ့ရာ ကြီးရွာကျေးရွာ၏ အနောက်ဘက်ရှိ ကြီးရွာကျေးရွာနှင့် မြောက်လူးကန်ကျေးရွာသွားသည့်ကန်ဘောင်ပေါ်၌ ၎င်းအား သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းအမျိုးသားသည် ယာနားထင်ကိုထိုးသွင်းခံရသည့်ဒဏ်ရာ ၁ ချက်၊ ယာဘက်နားထင်ကို ကျည်ဖောက်ဝင်သားသည့်ဒဏ်ရာ ၁ ချက် (ဦးခေါင်းပွင့်ထွက်)၊ ဝဲဘက်လက်ခုံကို ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာဘက်လက်ခုံဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ယာလက်မောင်းဖောက်ဝင်ဒဏ်ရာ ၃ ချက်တို့ အသီးသီးရရှိကာ သေဆုံးနေသောအလောင်းအားတွေ့ရှိရသည့်အတွက် ကျေးရွာရှိ နာရေးကူညီမှုအသင်းကားဖြင့် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပခုက္ကူမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အသတ်ခံရသည့် မိသားစုဝင်တစ်ဦးပြောပြချက်အရ သိရသည်။

အခင်းဖြစ်နေရာမှ M-22 ကျည် (7.62) ကျည်ခွံ(၈)ခု၊ ကျည်ဖူး (၂)ခု ၊ ကျည်(၁)တောင့်တို့အား သက်ဆိုင်ရာအဖွဲ့များမှ သိမ်းဆည်းခဲ့ကာ ကျေးရွာအနီးသို့ လိုက်လံစုံစမ်းမှုများပြုလုပ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News