
နေမိုး
၂၄. ၃. ၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်မှာ NUG ဩဇာခံ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းတစ်ခုကို ပြည်သူသတင်းပေးမှုကြောင့် တပ်မတော်က တိတိကျကျ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမှာ PDF ငါးဦးသေဆုံးသွားပါတယ်။
ဒီတိုက်ခိုက်မှုကို မတ်လ ၂၂ ရက် ည ၇ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ လေယာဉ် သုံးစီးနဲ့ ဗုံးအများအပြား ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားသလို PDF အမျိုးသမီးသုံးဦးနဲ့ အမျိုးသားနှစ်ဦး နေရာတင် သေဆုံးသွားတယ်လို့လည်း သိရသလို သုံးဦးအထက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
သေဆုံးသွားတဲ့ PDF ငါးလောင်းကိုတော့ မနေ့က သင်္ဂြိုဟ်လိုက်ပြီဖြစ်ပေမဲ့ အရာတော် PDF ကတော့ အသိအမှတ်ပြု ဝမ်းနည်းကြောင်း၊ လေးစားဂုဏ်ယူကြောင်း တစ်စိုးတစ်စိမှ ထုတ်ပြန်ခြင်းမရှိဘဲ သတင်းအမှောင်ချထားပါတယ်။
ပုံစာ။ တပ်မတော်နှင့်တိုက်ပွဲအတွင်း သေဆုံးသော အရာတော်ပကဖ ဒုတာဝန်ခံကို အသုဘချစဥ်က မြင်ကွင်း။
