◾️ အဆိုပါ နိုင်ငံခြားငွေများ ဝယ်ယူရရှိသည့်ကုန်စည်များမှာ စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးနှင့်ဆေးဝါးပစ္စည်း၊ စားသုံးကုန်၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်း၊ စက်မှုကုန်ကြမ်းများနှင့် ဆက်စပ်လုပ်ငန်းများဖြစ်
၂၃. ၃. ၂၀၂၆
Written by Nyein Kyaw
ယခုမတ်လအတွင်း Online Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလိုအပ်သူများမှ ဒေါ်လာသန်း ၂၆၀ ခန့်၊ ယွမ် ၁၀၃ သန်းကျော်၊ ဘတ်သန်း ၈၃၀ ခန့်နှင့် ရူပီး ၁၂ သန်းနီးပါး အရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း FX Market Online Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလိုအပ်သူများမှ အမေရိကန်ဒေါ်လာ ၂၅၇ ဒသမ ၇၈ သန်း၊ တရုတ်ယွမ် ၁၀၃ ဒသမ ၇၀ သန်း၊ ထိုင်းဘတ် ၈၂၆ ဒသမ ၄၂ သန်းနှင့် အိန္ဒိယရူပီး ၁၁ ဒသမ ၉၉ သန်း အရောင်းအဝယ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဈေးကွက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၄ သန်း၊ တရုတ်ယွမ် သုည ဒသမ ၇၇ သန်းနှင့် ထိုင်းဘတ် ၃၇ ဒသမ ၇၆ သန်းတို့အား ဝင်ရောက်ရောင်းချပေးခဲ့သည်။
အဆိုပါ ဈေးကွက်အတွင်း နိုင်ငံခြားငွေဝယ်ယူရရှိခဲ့သည့် ကုန်စည်များမှာ စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများ၊ စက်မှုကုန်ကြမ်း၊ စားသုံးကုန်စည်၊ မုယော၊ တိရစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကတ္တရာ၊ မီးဖိုချောင်သုံးဂက်စ်၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ အင်ဂျင်ဝိုင်၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပိုးသတ်ဆေး၊ လူသုံးကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားကုန်ပစ္စည်းများနှင့် Non Trade Transaction များဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မတ်လအတွင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များသို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၆ သန်း ရောင်းချပေးခဲ့ကြောင်း အသိပေးထားသည်။
