၂၁.၃.၂၀၂၆
Written By Thandar
ShowLike ကနေ အသစ်တင်ဆက်မယ့် ဒါရိုက်တာ မေဘရဏီ ရိုက်ကူးထားတဲ့ Reality Dating Show “All 4 U” Premiere Show ပွဲအခမ်းအနားကို မတ်လ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ စိမ်းလန်းစိုပြေမှာ ကျင်းပခဲ့ပါတယ်။
“All 4 U ဆိုတဲ့ Reality Show မှာဆိုရင် မိန်းကလေးတစ်ယောက်က ကောင်လေး(၄)ယောက်ကို အချစ်တစ်ခုရှာဖွေတဲ့ ပုံစံမျိုးလေးပါ။ ဒီလိုပုံစံ အရင် ရိုက်ကူးထားဖူးတဲ့ Dating Show တွေနဲလည်း မတူဘူး။ အနုပညာရှင်တွေနဲ့ ချစ်စရာကောင်းတဲ့ Reality Show ပုံစံလေးပါ။ တကယ့်ကို Single ဖြစ်တဲ့သူကို ရွေးချယ်ပြီးမှ ရိုက်ကူးခဲ့တာပါ။ တချို့အဖြစ်အပျက်တွေက တကယ့်ဖြစ်ရပ်လေး ပါပါတယ်။ တချို့အပိုင်းတွေ သူတို့တွေ ကြိုမသိအောင် စီစဉ်ရိုက်ကူးခဲ့တာပါ။ ဒီကောင်လေးတွေရဲ့ ကြိုးစားမှုတွေကြားထဲကမှ ဘယ်သူက ကောင်မလေးရဲ့ စိတ်ကို ဖမ်းစားသွားမလဲဆိုတာ မကြာခင် ထုတ်လွှင့်ရင် သိရမှာပါ”လို့ ဒါရိုက်တာ မေဘရဏီက ပြောပါတယ်။
အဆိုပါ ရိုက်ကူးတင်ဆက်မှုတွေကို ဒါရိုက်တာ မေဘရဏီက ကလောဘက်မှာ သေချာအချိန်ယူပြီးတော့ ပြင်ဆင်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Reality Dating Show တင်ဆက်သွားကြမယ့် ဟိန်းရာ၊ မင်းသွေးခန့်၊ ဆန်းမင်းဟိန်းထွဋ်၊ ပိုင်အိမ်ခ၊ မြူလင်းကိုကိုတို့က ပရိသတ်စိတ်ဝင်စားစေမယ့် ချစ်စရာကောင်းတဲ့ Date နဲ့ Challenge တွေ တင်ဆက်သွားမှာလည်းဖြစ်ပါတယ်။
Reality Dating Show “All 4 U”ကို လာမယ့် မတ်လ ၂၇ရက်မှာ Show Like Application က ထုတ်လွှင့်သွားမှာလည်းဖြစ်ပါတယ်။
#All4U #မြူလင်းကိုကို #ဟိန်းရာ #မင်းသွေးခန့် #ဆန်းမင်းဟိန်းထွဋ် #ပိုင်အိမ်ခ #ဒါရိုက်တာမေဘရဏီ #DatingShow #RealityShow #MyanmarActor #MyanmarCele #ShowLike #Zodiac #Cancer





