မြန်မာ ၁၀၅ ဦးကို စောင့်ရှောက်ထားပြီး ၁၈၀ ကို ပြန်လွှတ်ကာ ၁၀၇ ကို တရားစွဲဆို ဖမ်းဆီးထား

၂၅. ၂. ၂၀၂၃
Written by Nay Aung

ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလအထိ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်းသို့ တရားဝင်စာရွက်စာတမ်းအထောက်ထားမပါဘဲ ခိုး၍ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၃၉၃ ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကို မိခင်နိုင်ငံထံ ပြန်ပို့ခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် အမ်ဘီရမ်ဆင်းသည် ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပသော လွတ်တော်အတွင်း အတိုက်ခံပါတီမှလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ Ranjit Singh ၏ မေးခွန်းကို ဖြေဆိုရာတွင် ထိုသို့ ထည့်သွင်းဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက်မှ ကလေးငယ်နှင့်အမျိုးသမီးများ ပါဝင်သော မြန်မာနိုင်ငံသား ၁၀၅ ဦးကို မဏိပူရပြည်နယ်အတွင်းရှိ ထိန်းသိမ်းရေးစင်တာများတွင်စောင့်ရှောက်ထားကြောင်း၊ မဏိပူရပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

အခြား မြန်မာနိုင်ငံသား ၁၈၀ဦးကိုအာမခံပေးကာ ပြန်လွှတ်ပေးခဲ့ပြီး အခြား မြန်မာနိုင်ငံသား ၁၀၇ ဦးကို တရားစွဲဆိုကာ Sajiwa မြို့နှင့် Tengnoupal မြို့တို့ရှိ မတူညီသော အကျဉ်းထောင်များတွင် ဖမ်းဆီးထားကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုထားသည်။

မဏိပူရပြည်နယ်အစိုးရအနေဖြင့် နယ်စပ်ဒေသကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသူများကို စစ်ဆေးရှာဖွေရန်အတွက် လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ထားပြီး မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက်တွင်ရဲကင်းပေါင်း ၃၄ ခုကို ထပ်တိုးဖွင့်လှစ်ထားကြောင်း အမ်ဘီရမ်ဆင်းကပြောသည်။

မဏိပူရပြည်နယ်အစိုးရသည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မဏိပူရပြည်နယ်အတွင်းရှိ ချန်ဒယ်လ်၊ Tengnoupal၊ Churachandpur၊ Ukhrul နှင့် Kamjong ဒေသ နယ်စပ်ငါးခုတွင် ရဲကင်းများဆောက်လုပ်နေကြောင်းသိရသည်။

ref — hindustantimes

Leave a Reply

Your email address will not be published. Required fields are marked *