၂၅. ၂. ၂၀၂၃
Written by Min Mahar

ပခုက္ကူမြို့နယ်တွင် နေအိမ်အတွင်း၌ရှိနေသော ဇနီးမောင်နှံနှစ်ဦးအား PDF အဖွဲ့မှ ဒလန်ဟုစွပ်စွဲကာ ဦးခေါင်းများအား သေနတ်ဖြင့်တေ့၍ ရက်ရက်စက်စက်ပစ်သတ်သွားမှု ယမန်နေ့ ညဉ့်နက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေမျက်အုပ်စု၊ ပြည့်အိုင်ရွာတွင် ဖေဖော်ဝါရီ ၂၄ ရက် ညဉ့်နက်ပိုင်းက PDF အဖွဲ့မှ ၁၀ ဦးကျော်က သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားသဖြင့် ပြည့်အိုင်ရွာတောင်ပိုင်းတွင်နေထိုင်သော အသက် ၅၅ နှစ်အရွယ်ရှိသည့် လင်မယားနှစ်ဦးသည် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ သေဆုံးနေကြောင်း သိရသည်။

“သေနတ်တွေနဲ့ ၁၀ ယောက်ကျော်လောက်ရှိမယ်။ ဒလန်လုပ်ချင်ဦးကွာ ပြောပြီး ရက်ရက်စက်စက်ပစ်သတ်သွားကြတာ။ မျက်နှာတွေဆို ရစရာမရှိအောင် ဖြစ်သွားတာ။ လုံခြုံရေးအခြေအနေအရ သက်ဆိုင်ရာအဖွဲ့တွေက ဒီနေ့ (ဖေဖော်ဝါရီ ၂၅ ရက်နေ့)မနက် ၈ နာရီကျော်မှ လာရောက်စစ်ဆေးသွားကြတယ်” ဟု ရွာခံတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *