၂၀.၃.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ မတ် ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန်စတင်မည်ဖြစ်ပြီး မစတင်မီ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားကိုယ်စားလှယ်များ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သဘာပတိရွေးချယ်မည်ဖြစ်ပြီး ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အရပ်သားလွှတ်တော်ကိုယ်စားနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၃ ဦးရှိကြောင်း သိရသည်။










