၂၀.၃.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန် စတင်မည်ဖြစ်ပြီး မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များ စတင်ရောက်ရှိလာလျက်ရှိသည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သဘာပတိရွေးချယ်မည်ဖြစ်ပြီး ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၂၃ ဦးရှိကြောင်း သိရသည်။
































