၂၅. ၂. ၂၀၂၃
Written by Thuta Kyaw

တောင်ကြီးတွင် ဓာတ်အားပြုပြင်ရေးအဖွဲ့မှ အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ်တက်၍ ပြုပြင်စဉ် ဓာတ်လိုက်ကာ ဓာတ်တိုင်နှင့် ဓာတ်ကြိုးများအကြား ညပ်နေသောကြောင့် ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်း ၉ နာရီ မိနစ် ၂၀ အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ(၇)၊ ပြည်တော်အေးလမ်းတွင် လျှပ်စစ်ဓါတ်အားလိုင်းပြုပြင်ရန် ဓာတ်အားပြုပြင်ရေးအဖွဲ့မှ အမျိုးသား တစ်ဦးက ဓာတ်တိုင်ပေါ်သို့ တက်ရောက်၍ ပြုပြင်ဆောင်ရွက်နေစဉ် ဓာတ်လိုက်ပြီး ဓာတ်တိုင်နှင့်ဓာတ်ကြိုးများကြား ညပ်နေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းကို ရသည့်အတွက် တောင်ကြီးခရိုင်/မြို့နယ်မီးသတ်စခန်းမှ Snorkle အထောက်အကူပြုယာဉ်(၁)စီး၊ Hydraulic Platform အထောက်အကူပြုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဓာတ်တိုင်နှင့်ဓာတ်ကြိုးများကြားညပ်နေသူ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူအား ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *