၂၅. ၂. ၂၀၂၃
Written by Pan Ei

၂၀၂၂ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲအခမ်းအနားမှာ ဝီလ်စမစ် က အခမ်းအနားတင်ဆက်နေတဲ့ လူရွှင်တော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခရစ်ရောခ့်ကို ပါးရိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အော်စကာဆုပေးပွဲကျင်းပရေးအဖွဲ့အစည်းဟာ မနှစ်ကလို အလားတူဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပွားစေဖို့နဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာပါက ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ “အရေးပေါ် ကိစ္စရပ်များ ဖြေရှင်းပေးနိုင်ရေးအဖွဲ့” ကို အရန်သင့်ပြင်ဆင် ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

မနှစ်က ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ဝီလ်စမစ်ရဲ့ဇနီးသည် ဂျာဒါပင့်ကတ်စမစ်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆံပင်မရှိတဲ့ ဦးခေါင်းကို ခရစ်ရော့ခ်က အစီအစဉ်တင်ဆက်နေစဉ်အတွင်းမှာ နောက်ပြောင်ကျီစယ်ခဲ့တာကြောင့် ဝီလ်စမစ်က စင်မြင့်ပေါ်ကိုတက်ကာ ခရစ်ရော့ခ် ကို ပါးရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီပါးရိုက်ခဲ့တဲ့ဖြစ်ရပ်အတွက် ဝီလ်စမစ်က ပြန်လည်တောင်းပန်ခဲ့ပေမယ့် အော်စကာဆုပေးပွဲကိုတော့ ဆယ်နှစ်တာ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

ဒီနှစ်အတွက် အော်စကာဆုပေးပွဲကို လာမယ့် မတ်လ ၁၃ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး မကြာသေးမီက Super Bowl ရှိုးပွဲမှာ ခမ်းနားတဲ့ ဖျော်ဖြေမှုနဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ ရီဟားနား လည်း ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

Ref; Variety

Leave a Reply

Your email address will not be published. Required fields are marked *