၂၅. ၂. ၂၀၂၃
Written By Thandar

လျှို့ဝှက်သည်းဖို ဇာတ်လမ်း “ရန်ကုန်ညများ” Rangoon Nights ဇာတ်လမ်းတွဲမှာ သားတစ်ယောက်အပေါ်ထားတဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို အကောင်းဆုံးပုံဖော်ထားတယ်လို့ သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောပါတယ်။

“ဒီဇာတ်ကားထဲမှာ ကာရိုက်တာမတူတဲ့ လူနှစ်ယောက်ပေါင်းစည်းလို့ မရတာတွေ။ စရိုက်မတူတဲ့ မိဘနှစ်ပါးကြောင့် သားသမီးတွေ ခံစားရတာတွေကိုလည်း မြင်တွေ့ခံစားရမှာပါ။ အစ်မက ယောက်ျားနဲ့သားကို ပစ်ပြီးတော့ နိုင်ငံခြားကိုထွက်သွားခဲ့တယ်။ အဲဒီမှာ အိမ်ထောင်ကျတယ်။ သားကို ပြည်ပမှာ ပညာသင်ပေးဖို့ ပြန်လာခေါ်တဲ့ မိခင်တစ်ယောက် ကာရိုက်တာပါ။ သားတစ်ယောက်အပေါ်ထားတဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ အကောင်းဆုံးပုံဖော်ထားပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေကတော့ အပြင်လောကမှာလည်း ရှိနေကြတဲ့ပုံစံတွေချည်းပါပဲ။ အဲဒီလို အပြင်မှာ မြင်တွေ့နေရတဲ့ ဇာတ်ကောင်တွေနဲ့ကိုပဲ ဇာတ်လမ်းလေးက ဆန်းနေတဲ့အတွက် ပရိသတ်တွေလည်း သဘောကျ နှစ်သက်မယ်လို့ အာမခံပါတယ်” လို့ သရုပ်ဆောင်မျိုးစန္ဒီကျော်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲက အပိုင်း ၁၀ ပိုင်းပါဝင်ပြီး ဖေဖော်ဝါရီ ၂၆ ရက်မှာ Mahar Application ပြသတော့မှာပါ။ သူ့မကတော့ အနုပညာလှုပ်ရှားမူအပိုင်းမှာ မိခင်တစ်ယောက်နေရာ အကောင်းဆုံး သရုပ်ဆောင်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်မူများလာသူလည်း ဖြစ်သလို Live Sale တွေလည်း ရောင်းချပေးနေပါတယ်။

အချစ်တစ်ခုကြည့်ပြီး လက်တွဲခဲ့ကြတဲ့ အိမ်ထောင်ရေးဟာ သားတစ်ဦးရရှိပြီးချိန်မှာ မပြေလည်မှုတွေဖြစ်ခဲ့တာကြောင့် ဇနီးသည်ရဲ့ စွန့်ခွာမှုကိုခံရသူ ဦးပြုံးချိုဟာ သားဖိုးချိုလေးကို လိုလေးသေးမရှိ ထားနိုင်အောင် ကြိုးစားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ ဖိုးချိုအရွယ်ရောက်လာချိန်မှာ မိခင်ဖြစ်သူ ဒေါ်မေမီဟာ နိုင်ငံခြားကပြန်လာပြီး သားဖြစ်သူကို လာခေါ်ဖို့ စီစဉ်ခဲ့သလို ဖိုးချိုကလည်း မိခင်နဲ့တွေ့ရဖို့အရေး တွေးပျော်နေသူ ဖြစ်ပါတယ်။

“ရန်ကုန်ညများ” ဇာတ်လမ်းတွဲမှာ နောက်ခံဘဝမတူညီတဲ့ ဖိုးချို၊ ကြည်ဖြူ၊ မီးမီးငယ်ဆိုပြီး ဇာတ်ကောင်တွေရဲ့ ထူးဆန်းတဲ့ ပစ္စည်းတစ်ခု ပါဝင်ပတ်သက်လာခဲ့ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်းက အကျင့်တစ်ခုကို စွဲမြဲရာက စိတ္တဇဆန်လာတဲ့ လူငယ်လေး ညီညီတို့ ပါဝင်လာခဲ့ပြီးဖြစ်ပေါ်လာမယ့် အရာတွေကို စိတ်လှုပ်ရှားဖွယ်ပုံစံ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *