၂၅. ၂. ၂၀၂၃
MT News

ရွှေဆိုင်များနှင့် ရွှေကုန်သည်များအားလုံး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဖြင့်သာ ရောင်းချရမည်ဟု ထုတ်ပြန်ခဲ့မှုမှာ ရွှေနှင့်ငွေကြေးစောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်ရယူပြီး ထုတ်ပြန်ခဲ့ခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြန်လည်ရှင်းလင်းထားသည်။

ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ လမ်းညွှန်ချက်အရ မီးလင်းအခေါက်ရွှေအား တစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဈေးနှုန်းဖြင့် ရွှေဆိုင်များနှင့် ရွှေကုန်သည်များအားလုံး တစ်ပြေးညီရောင်းချကြရန် YGEA က ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၃ ရက်အကြာ ယနေ့တွင်မှ ယင်းကဲ့သို့ ထုတ်ပြန်ခြင်းမှာ ရွှေနှင့်ငွေကြေးစောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ လမ်းညွန်ချက်ဖြင့် ထုတ်ပြန်ချင်းမဟုတ်ဘဲ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သုံးသပ်ချက်ဖြင့်သာ ရွှေတစ်ကျပ်သား ၂,၇၉၀,၀၀၀ ဖြစ်သင့်သည်ဟု တိုက်တွန်းထုတ်ပြန်ခဲ့ခြင်းသာဖြစ်သည်ဟု ပြန်လည်ဖြေရှင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

YGEA က ရွှေတစ်ကျပ်သား ၂,၇၉၀,၀၀၀ ဖြစ်သင့်သည်ဟု ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ လမ်းညွှန်ချက်အရဟုဆိုကာ ထုတ်ပြန်ခဲ့သော်လည်း ယနေ့အထိမူ ကျပ် ၂၈ သိန်းအထက်သာ ရွှေဆိုင်များက ရောင်းချနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *