၂၅. ၂. ၂၀၂၃
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မာန်ပြေမှတ်တိုင်အနီး ယမုံနာလမ်းတွင် Pajero ဖားပြုတ်ကားက ဆိုက်ကားနှင့် Hijet ကားကို ဝင်တိုက်ပြီး ထွက်ပြေးသွားမှု ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၅ ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် သာကေတမြို့နယ်၊ မာန်ပြေမှတ်တိုင်အနီး ယမုံနာလမ်းတွင် Pajero ဖားပြုတ်ကားက ဆိုက်ကားနှင့် Hijet ကားတို့ကို ဝင်တိုက်ပြီး ထွက်ပြေးသွားခဲ့သဖြင့် ဒဏ်ရာရလူနာများကို ရှေးဦးပြုစုမှုပေးပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သစ္စာမဏ္ဍိုင်အသင်းနှင့် ပူးပေါင်း၍ မှတ်တမ်းရယူပြီး ဒဏ်ရာရလူနာအား ရှေးဦးပြုစုမှုပေးပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီ ကုသိုလ်ယူခဲ့ပါတယ်” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ ပြောသည်။

တိုက်သွားသည့် Pajero ဖားပြုတ်ကားနံပါတ်မှာ 7E-6792 ဖြစ်ကြောင်း အတိုက်ခံရသော Hijet ကားမှ ယာဥ်မောင်းနှင့် မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *