၁၆.၃.၂၀၂၆
Photo by Nay Yaung Lin
နေပြည်တော်တွင် တတိယအကြိမ် ပြည်သူ့ လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဦးစွာ သဘာပတိတင်မြှောက်ပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမှုအပြင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။















