၁၄.၃.၂၀၂၆
Written By Thandar
သရုပ်ဆောင်စည်ဖြိုးမိခင် ဒေါ်သီသီဝင်းရဲ့ အသက် ၆၄ နှစ်ပြည့် မွေးနေ့အကြို စတုဒိသာအလှူကို ၇ ရက်တိုင်တိုင် ကျွေးမွေးလှူဒါန်းခြင်းအလှူကို မတ်လ ၁၃ရက် ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဇဝနရပ်ကွက် သီရိဟေမာလမ်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“အန်တီ့မွေးနေ့အမှန်ကတော့ ၁၈ ရက်နေ့မှပါ။ ၁၉ ရက်နေ့ မတိုင်ခင် အန်တီမနှစ်ကလိုပဲ ၇ ရက် ၇ လီ စတုဒိုသာ အလှူလေးကို လှူဖြစ်တာပါ။ အန်တီပါတီတွေ မလုပ်ချင်ဘူး။ ခုလို အာဟာရဒါနလေးက အန်တီ့အတွက် ပိုပီတိဖြစ်စေပါတယ်။ ဒါကြောင့် အန်တီက ရပ်နီးရပ်ဝေးက လူတွေအကုန် လာစေချင်တာပေါ့နော်။ ဒီအလှူမှာ အန်တီနဲ့အတူတူ ကုသိုလ်ယူစေချင်တာပေါ့နော်။ အားလုံးကိုလည်း ဆုတောင်းပါတယ်။ အေးချမ်းသာယာမှုတွေဖြစ်ပါစေလို့လေ။ မွေးနေ့နောက်ပိုင်းမှာလည်း ကောင်းခြင်းတွေလာပါစေလို့။ အန်တီသီအနေနဲ့ ရက် ၇ ရက်စာအတွက် သိန်း ၄၀၀ ပေးထားပါတယ်။ တကယ်လို့ လိုအပ်လာတယ်ဆိုရင် ထပ်ပေးပြီး လှူဒါန်းသွားမှာပါ”လို့ သရုပ်ဆောင် စည်ဖြိုး မိခင် ဒေါ်သီသီဝင်း (အကြားအမြင်ဆရာမ)က ပြောပါတယ်။
အဆိုပါ စတုဒိသာမွေးနေ့အလှူမှာတော့ မတ်လ ၁၃ ရက်မှာ ဝက်သားနီချက်၊ ချဉ်ပေါင်ကြော်၊ ငံပြာရည်ချက်နဲ့ အအေးတို့ကို လူအယောက် ၁၅၀၀ ကျော်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
ဒါ့ပြင် ဒီနေ့ မတ်လ ၁၄ ရက်မှာ ကြက်ပေါင်းဆီပြန်နဲ့ သရက်ချဉ်သုပ်၊ အအေး၊ မတ်လ ၁၅ ရက်မှာ ငါးကြင်းကြော်နှပ်၊ သီးစုံပဲကုလားဟင်းနဲ့ အအေး၊ မတ်လ ၁၆ ရက်မှာ ငါးဖယ်ဆီပြန်၊ ပဲစောင်းခါးသီးသုပ်နဲ့ အအေး၊ မတ်လ ၁၇ ရက်မှာ ပဲကုလားဟင်း၊ ဘဲဥဆီပြန်ဟင်း၊ ငရုတ်သီးတောင့်ကြော်၊ မတ်လ ၁၈ ရက်မှာ ကြက်ပေါင်ဆီပြန်၊ သရက်ချဉ်သုပ်၊ မတ်လ ၁၉ ရက်နေ့မှာ ဝက်သား၊ ချဉ်ပေါင်နဲ့ အအေးတို့ကို ကျပ်သိန်း ၄၀၀ ကျော်ဖိုး ကျွေးမွေးလှူဒါန်းမယ်လို့ သိရပါတယ်။
“လာမယ့် မတ်လ ၁၉ ရက်နေ့မှာ သိန်း ၆၅၀၀ တန် လမ်းဖွင့်ပွဲကြီး လုပ်ဖို့ရှိပါတယ်။ ကျိုက္ကဆံဘုရားရင်ပြင်မှာလည်း အန်တီတစ်ဦးတည်းလှူတာပါ။ အန်တီက လှူနေရင်ကို ကြည်နူးပီတိဖြစ်ရပါတယ်”လို့ သူကဆက်ပြောပါတယ်။
#ဒေါ်သီသီဝင်း #သရုပ်ဆောင်စည်ဖြိုး #SiPhyo #DawThiThiWin #ETFamily #MyanmarCeleDonation
#MyanmarActor #MyanmarCeleDonation










