နေမိုး
၁၃. ၃. ၂၀၂၆
ရေနံတွင်းများ ဖင်ခုထိုင်ထားပြီး KTV နှင့်ပြည့်တန်ဆာခန်းများဖွင့်လှစ်ထားသော နာမည်ကျော်အညာဒူဘိုင်းကို ဦးဆောင်သည့် CDM (သစ္စာမဲ့ဝန်ထမ်း(Disloyalty Civil Servant) ရဲတပ်ဖွဲ့ဝင်ဟောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင်လက်ယာအား NUG က ကြားကာလ မကွေး ဖက်ဒရယ်ယူနစ်၏ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လ်ုက်သည်ဟု ကြေညာသည်။
ယမန်နေ့ မတ် ၁၂ ရက်က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဧကဒသမပုံမှန်အစည်းအဝေးခေါ်ယူကျင်းပပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်ရှေ့နေချုပ်အတည်ပြုခန့်အပ်ခြင်းနှင့် အရေးကြီးအဆိုတင်သွင်းမှုကို CRPH နှင့် NUG ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ အောင်ကြည်ညွန့်၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ အပါအဝင် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ၊ NLD မှ ထွန်းထွန်းဟိန်နှင့် ခင်ဆောင်တို့တက်ရောက်ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖြစ် ဒုတိယဝန်ကြီးချုပ် ချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီးဝန်ကြီး လက်ယာ(ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီး ကျော်ကျော်ထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီး အောင်ကိုလတ်၊ ပညာရေးဝန်ကြီး ကျော်သူရ၊ ကျန်းမာရေးဝန်ကြီး မိုးမင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်းအောင်ဝင်း(ခ) ဆလိုင်း၊ ရှေ့နေချုပ် မေရီ တို့ကို ခန့်အပ်ခဲ့သည်။
ထိုအထဲတွင် လက်ယာ (ခ) ဖိုးကျော်မှာ ယခင်ရဲဘဝတည်းက KTV များ၊ ပြည့်တန်ဆာခန်းများ၊ ရေနံမှောင်ခို၊ သစ်မှောင်ခိုများဖြင့်နာမည်ပျက်ခဲ့သလို CDM လုပ်ချိန်တွင်လည်း ထိုလမ်းကြောင်းများကို ဆက်လက်ဖော်ဆောင်ကာ ရေနံနှင့် သစ်မှောင်ခို ခိုးထုတ်မှုများ၊ KTV နှင့် ပြည့်တန်ဆာခန်းများမှ နေ့စဥ်ကျပ်သိန်းသောင်းချီရှာဖွေနိုင်သူအဖြစ် နာမည်ပျက်ရှိသူဖြစ်သည်။
ထို့အပြင် ယခု မကွေးကာကွယ်ရေးဝန်ကြီးဖြစ်သွားသော မြိုင်ပကဖခေါင်းဆောင်လက်ယာဖွင့်ထားသည့် KTV နှင့် ပြည့်တန်ဆာခန်းများမှာ NUG နှင့် KIA ခေါင်းဆောင်များကိုလက်ယာက ဧည့်ခံခဲ့သည်ဟုလည်း လက်ယာထိန်းချုပ်နယ်မြေ မြိုင်နှင့်ပေါက်နယ်စပ်တစ်လျှောက်အား အညာဒူဘိုင်းဟု ကင်ပွန်းတပ်ခဲ့သော ဧရာဝတီက ဖော်ထုတ်ရေးသားခဲ့သည်။
