





၁၂. ၃. ၂၀၂၆
Written by Nyein Kyaw
သဘာဝဘေးဒဏ်ကြောင့် ယခင်နှစ်သင်္ကြန်ကို သာမာန်မျှသာဖြန်သန်းခဲ့ရ၍ ယခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့် ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ထားကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၆)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခင်နှစ် သင်္ကြန်ပွဲတော်ကို သဘာဝဘေးဒဏ်ကြောင့် သာမာန်မျှသာ ဖြတ်သန်းခဲ့ကြရကြောင်း၊ ယခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့် ရိုးရာသင်္ကြန် ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ထားရှိကြောင်း၊ ယခုချိန်တွင် အခြေအနေအချိန်အခါနှင့် ကိုက်ညီသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ဦးစားပေးစီစဉ်ဆောင်ရွက်နိုင်ပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
အထက်ပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
