၁၁.၃.၂၀၂၆
Photo by Linn Eain
၂၀၂၆ မဟာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆောက်လုပ်ရန် မတ် ၁၁ ရက်ကစတင်၍ စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်သည် ရန်ကုန်မြို့အတွက် အဓိကအရေးပါသည့် ဖျော်ဖြေရေးမဏ္ဍပ်ဖြစ်ပြီး နှစ်စဉ်ဆောက်လုပ်လေ့ရှိကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းမည့် မဟာသင်္ကြန်ပွဲတော်သည် ဧပြီ ၁၃ ရက်မှ ၁၆ ရက်ထိ ကျင်းပမည်ဖြစ်ပြီး မတ် ၁၇ ရက်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကျရောက်မည်ဖြစ်သည်။
