၁၁.၃.၂၀၂၆
Photo by Linn Eain
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်၊ နံနက် ၉ နာရီတွင် ပထမနေ့အဖြစ် မြန်မာစာ စတင်ဖြေဆိုခဲ့ပြီး နေ့လယ် ၁၂ နာရီတွင် ဖြေဆိုပြီးနောက် ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ထွက်ခွာသည့် မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။



၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်မှ မတ် ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြည်ပစာစစ်ဌာနများအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၈၉၀ ခန့်တွင် ဖြေဆိုရန် စာရင်းသွင်းဦးရေမှာ ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နေ့အထိ စာရင်းများအရ ၂၆၅,၀၀၀ ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ဖြေကြားထားသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားခဲ့သူဦးရေ ၂၂၀,၀၀၀ ကျော်ရှိခဲ့ကြောင်း စာစစ်ဦးဌာနမှ သိရသည်။
ထို့ပြင် စုံ၊ မ အက္ခရာခွဲခြားပြီး ယာဉ်သွားလာခွင့် ပြုထားသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို/ပို့ယာဉ်များ “စာမေးပွဲတာဝန်” (သို့) “Car Pass” ကတ်ပြားများ ကားရှေ့မှန်တွင်ကပ်ပြီး ပုံမှန်အတိုင်း သွားလာခွင့်ပြုထားသည်။




