၁၁.၃.၂၀၂၆
Written By Thandar
Bo Bo Film Production နဲ့ Mahar နဲ့ ပူးပေါင်းတင်ဆက်မယ့် အချစ်ဒရာမာဇာတ်လမ်းပုံစံ “သင်္ကြန် ချစ်စကား”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကို ယနေ့ မတ်လ ၁၁ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေနားပန်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ဒီဇာတ်လမ်းတွဲက ကာရိုက်တာက ဖိုးသကြားဆိုတဲ့နေရာလေးပါ။ သင်္ကြန်ဇာတ်ကားလေးဆိုတော့ အချစ်ဒရာမာဇာတ်လမ်းလေးပါ။ ကျွန်တော်တို့ သင်္ကြန်ကာလလေးဆိုတော့ ရိုက်ကူးဖြစ်တာပါ။ ကျွန်တော့်အတွက် သင်္ကြန်ကားဆိုရင် သုံးကားမြောက်ကားလို့လည်း ပြောလို့ရပါတယ်။ သင်္ကြန်ကာလလေးဆိုတော့ ရိုက်ကူးရတာလည်း သဘောကျပါတယ် ”လို့ သရုပ်ဆောင် တေဇလင်းရောင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ရာဇဝင်ကိုက အချစ်ဇာတ်လမ်းပုံစံ သင်္ကြန်ရသလေးပေးစွမ်းကာ ယနေ့ မတ်လ ၁၁ ရက်မှာ ကန်တော့ပွဲပေးပြီး ရန်ကုန်မြို့မှာ စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ တေဇလင်းရောင်၊ မင်းအာကာ၊ မျိုးကိုကျော်၊ ပိုင်အိမ်ခ၊ ထူးအောင်ဝေ၊ သံသာညီ၊ ဥဩသံသာ၊ မိုးသဲဖြူ၊ ဗွာဗွား နဲ့ အနုပညာရှင်ပေါင်းများစွာပါဝင်ကြပါတယ်။
အပိုင်း ၆ ပိုင်းစာ ပါဝင်မယ့် “သင်္ကြန်ချစ်စကား” ဇာတ်လမ်းတွဲကို မကြာခင် Mahar Application ကနေ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
