၉.၃.၂၀၂၆
Written By Thandar
သရုပ်ဆောင် သာသာနဲ့ မောင်ကျော်ဇောလင်းတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို မတ်လ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မင်းကွန်းတိပိဋကကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“သာ့ကို သူကတော့ တကယ့်ကို ဂရုစိုက်ပေးတဲ့သူပါ။ သာ ဒီအသက်အရွယ်လေးမှာ သာလိုချင်တာလေးကို မိမိရရဆုပ်ကိုင်မိတာလို့ပဲ ပြောချင်ပါတယ်။ ကိုယ့်ထက် အသက်အရွယ် ၂၀ လောက်ငယ်ပေမယ့် အရာရာနားလည်ပေးတယ်။ သာတို့က အသက်ကွာခြားပေမယ့်လည်း တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုအပြည့်နဲ့ လက်တွဲခဲ့ကြတာပါ”လို့ သရုပ်ဆောင်သာသာက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အကယ်ဒမီ အောင်ခိုင်၊ ဒါရိုက်တာမောင်သီ၊ ရဲမွန်၊ ကေညီ၊ ဒေါင်းဝေ၊ ဘင်း၊ စိန်လင်း၊ စစ်နိုင်၊ ထူးခြား၊ အကယ်ဒမီ ဝါဝါအောင်၊ ဒါရိုက်တာကြည်ဖြူသျှင်၊ ဆုပန်ထွာ၊ ခင်မို့မို့အေး၊ မာယုသာ၊ နှိုင်းယှဉ်မြင့်မိုရ်စတဲ့ အနုပညာရှင်တွေ တက်ရောက်ချီးမြှင့်ဂုဏ်ပြုခဲ့ကြပါတယ်။
ဒါပြင့် မင်္ဂလာပွဲ တက်ရောက်လာသူတွေကို ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ငါးဖယ်ဟင်း၊ ငါးဖယ်သုပ်၊ ပုဇွန်ခြောက်ကြော်၊ ချဉ်ပေါင်ဟင်း၊ ရေခဲမုန့်စတာတွေနဲ့ ကျွေးမွေးဧည့်ခံပြီးတော့ အနုပညာရှင်တချို့က တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
“ချစ်ခြင်းမေတ္တာကို အခြေခံပြီး တည်ဆောက်ထားတဲ့ သူတို့နှစ်ဦးရဲ့ အနာဂတ်ခရီးလမ်းလေး အေးချမ်းပါစေ။ သာသာတို့ ဇနီးမောင်နှံနှစ်ယောက် အေးအေးချမ်းချမ်းနဲ့ပဲ ဘဝကို ဖြတ်သန်းနိုင်ပါစေ။ ပျော်ရွှင်မှုတွေများစွာရရှိပါစေ” လို့ ဒါရိုက်တာမောင်သီက ဆုမွန်စကားပေးခဲ့ပါတယ်။
#သာသာ #ကျော်ဇောအောင် #TharThar #KyawZawAung #CeleWedding #MyanmarActress #MyannarSupporting




