
၆.၃.၂၀၂၆
Written By Thandar
Aung Myint Mo (Car Transaction & Auto Service) အရောင်းပြခန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၅ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ မှော်ဘီမြို့နယ် ဘွက်ကြီးအုပ်စု၊ စိန်ရွှေကုန်းကျေးရွာ၊ အောင်ရတနာလမ်း၊ အမှတ် (၂၆)မှာ ကျင်းပခဲ့ရာအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ အရောင်းပြပွဲမှာ အနုပညာရှင်တွေဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ကျော်ဇေယျ၊ နေဆန်း၊ ဟန်ဆက်လူ၊ ဘုန်းမြတ်လင်း၊ မိုခမ်း၊ သရုပ်ဆောင် စုရှိုင်း၊ ခိုင်သဇင်ကို၊ ယွန်းပိုးဖြူ၊ Founder အောင်သူလင်းနဲ့ မေမြတ်မြတ်ခိုင် စတဲ့သူတွေ တက်ရောက် ဖဲကြိုးဖြတ်ပေးကြခဲ့ပါတယ်။
“ကျွန်တော်က လွန်ခဲ့တစ်ပတ်လောက်ထဲက Aung Myint Mo- AMM ကားအရောင်းပြခန်းမှာ ဇာတ် လမ်းတိုလေးကို ရိုက်ဖြစ်တယ်။ ဒီလိုမျိုးနေရာမျိုးမှာ ဖွင့်လှစ်ထားတာ တကယ်ကို ကောင်းတယ်လို့တောင် Aung Myint Mo Founder & CEO ကိုအောင်သူလင်းနဲ့တွေ့ ပြီး စကားပြောကြည့်ဖြစ်တယ်။ ဒီမှာက ကားနဲ့ပတ်သက်ရင် လက်ငင်း ဝယ်လို့ရသလို အရစ်ကျဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်နိုင်အောင်လည်း စီစဉ်ထားတယ်။ ကိုယ့်ဆီမှာ ရှိတဲ့ကားကို ပြန်ပြီး အလဲအထပ်လုပ်ချင်လည်းရတယ်ဆိုတော့ အစ်ကိုလည်း အစ်ကို့ကားကို ဒီမှာပဲ လဲရင်ကောင်းမလား စဉ်းစားနေတာပါ။ ဝန်ဆောင်မှုတွေက အပြည့်အစုံလုပ်ပေးတာဆိုတော့ အစ်ကိုတောင် တော်တော်လေး သဘောကျနေတာပါ”လို့ သရုပ်ဆောင် နေဆန်းက ပြောပါတယ်။
ဆက်လက်ပြီး တက်ရောက်လာတဲ့ အနုပညာရှင်တွေတေးသီချင်းတွေ သီဆိုဖျော်ခဲ့ပြီး မြန်မာသင်္ကြန်တွေ က,ပြဖျော်ဖြေကာ Aung Myint Mo ရဲ့ မိတ်ဟောင်း မိတ်သစ်တွေဖွင့်ပွဲကို တက်ရောက်လာသူတွေ ဝယ်သူတွေ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆိုင်ကယ်နဲ့ ကံစမ်းမဲတွေပါနှိုက်ပြီး လက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။
