၂၄.၂.၂၀၂၆
Written By Thandar
နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ဖြိုးပြည့်စုံ၊ အောင်ထက်၊ မိစန္ဒီ၊ နီနီခင်ဇော်နဲ့ ဂျူဝယ်တို့ ပါဝင်သီဆိုထားတဲ့ “သင်္ကြန်ရေ” သီချင်းကို Reversion လေး ပြန်လည်ဆန်းသစ်ဖန်တီးလိုက်တယ်လို့ ဆိုပါတယ်။
“သင်္ကြန်ရေသီချင်းကို နီနီတို့ မောင်နှမငါးယောက် ပြန်ဆိုထားကြတာပါ။ အားလုံး ပရိသတ်ရင်ထဲမှာရှိထားပြီး ဆရာမြင့်မိုးအောင်ရဲ့ သင်္ကြန်ရေကို နီနီတို့ Chorus လေးပြန်ယူပြီးတော့ Reversion လေး ပြန်လုပ်ထားတာပါ။ ဒီသီချင်းကို အဟောင်းလို့လည်း ပြောလို့ရသလို အသစ်လို့လည်း ပြောလို့ရပါတယ်။ နီနီ Rap တွေကတော့ အကုန်လိုက်မဆိုနိုင်ပါဘူး။ မိစန္ဒီရဲ့ Skill ကို လိုက်မမှီပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က နည်းနည်းလေး လိုက်အားဖြည့်ဆိုထားတာပါ။ ပရိသတ်တွေ စိတ်အပန်းပြေစေမယ့် သီချင်းလေးပါ” လို့ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။
အဆိုပါ တေးသီချင်းက တေးရေးဆရာမြင့်မိုးအောင်ရဲ့ သီချင်းစာသား Chorus ပိုင်းယူထားပြီး Rap စာသားတွေကို စာသားအသစ်တွေ ပြန်လည်ရေးသားထားတယ်လို့ သိရပါတယ်။
“သင်္ကြန်ရေ” သီချင်း MTV ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ မြန်မာဝတ်စုံနဲ့ ရိုက်ကူးထားသလို ခေတ်ပေါ်ဒီဇိုင်းတွေနဲ့လည်း ဒါရိုက်တာ သော်ဇင်ထက်က ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။
#ဖြိုးပြည့်စုံ #အောင်ထက် #မိစန္ဒီ #နီနီခင်ဇော် #ဂျူဝယ်
#PhyoPyaeSone #AungHte #MiSandy #NiNiKhinZaw #Rap #Jewel #သင်္ကြန်ရေ #WaterParty
