၁၁. ၂. ၂၀၂၆
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ် ဆယ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၁၁၉ သန်း တင်ပို့ထားနိုင်ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၇၃၅ သန်းအထိ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ထုတ်ပြန်ထားသည့်စာရင်းရ သိရသည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုများကို လေ့လာကြည့်ပါက ဘဏ္ဍာနှစ်အစ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်း၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်တင်ပို့မှုမှ ဒေါ်လာသန်း ၉၀၊ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တန်တင်ပို့မှုမှ ဒေါ်လာ ၇၁ သန်း၊ ဇူလိုင်လတွင် တန်ချိန် ၂၃၀,၆၇၂ တန်တင်ပို့မှုမှ ဒေါ်လာ ၇၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဩဂုတ်လတွင် တန်ချိန် ၁၉၂,၉၈၅ တန်တင်ပို့မှုမှ ဒေါ်လာ ၆၅ သန်း၊ စက်တင်ဘာလတွင် တန်ချိန် ၁၆၈,၀၄၆ တန်တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်း၊ အောက်တိုဘာလတွင် တန်ချိန် ၃၁၆,၉၂၀ တန်တင်ပို့မှုမှ ဒေါ်လာ ၉၂ သန်း၊ နိုဝင်ဘာလတွင် တန်ချိန် ၂၆၃,၈၁၅ တန်တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်း၊ ဒီဇင်ဘာလတွင် တန်ချိန် ၃၃၁,၈၆၄ တင်ပို့မှုမှ ဒေါ်လာ ၉၁ သန်း၊ ဇန်နဝါရီလတွင် တန်ချိန် ၂၀၈,၈၄၇ တင်ပို့မှုမှ ဒေါ်လာသန်း ၆၀ ရရှိခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းခန့်တင်ပို့ရန် လျာထားကြောင်း MRF ဥက္ကဋ္ဌက ပြောကြားထားသည်။ အဆိုပါ လျာထားချက် ပြည့်မီစေရန် ကျန်ရှိနေသည့် ဘဏ္ဍာနှစ် နှစ်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၇၀,၀၀၀ ကျော် (သို့မဟုတ်) တစ်လလျှင် တန်ချိန် ၂၈၀,၀၀၀ ကျော် ထပ်မံတင်ပို့နိုင်ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
