၁၁.၂.၂၀၂၆
Written By Thandar
တေးသံရှင် အုပ်စိုးထွေးရဲ့ ကိုယ်ပိုင်ခံစားချက်တွေပါဝင်တဲ့ “ရည်းစားသစ် အချစ်ဦး”သီချင်း Music Video ရိုက်ကူးရေးတွေကို ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နဲ့ လမ်းမတော်တို့မှာ ပြုလုပ်ခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ သီချင်းလေးကတော့ ကိုယ်ပိုင်ခံစားချက်တွေကို တေးရေးကိုဝိုင်မင်း ပြောပြပြီး ရေးသားဖို့ပြောဖြစ်တာပါ။ အရင်က ရည်းစားဟောင်းတွေ သိပ်အဆင်မပြေဘူးလေ။ သူတို့ ကိုယ့်အပေါ်မှာ နားမလည်ဘူး။ နောက်ဆုံး ကိုယ့်ရဲ့ ရည်းစားအသစ်ကပဲ ကိုယ့်အပေါ်မှာ နားလည်ပေးတယ်။ အရမ်းကောင်းတာပေါ့နော်။ အဲလို ပုံစံမျိုးလေးပါ။ ခုခေတ်ကာလနဲ့ တိုက်ဆိုင်တဲ့ ခံစားချက်ရှိသူတွေကတော့ အကြိုက်တွေ့စေမယ်လို မျှော်လင့်ပါတယ်”လို့ တေးသံရှင်အုပ်စိုးထွေးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ သီချင်းကို တေးရေး ဝိုင်မင်းက ရေးသားသီကုံးထားပြီး ဒါရိုက်တာ ဖူဂျီ ကိုပေါက်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ရိုတ၊ ထက်ထက်မြတ်ခိုင်၊ သျှင်မေခ စတဲ့ သူတွေပါဝင်ထားကြပါတယ်။ တေးသံရှင် အုပ်စိုးထွေးရဲ့ ၁၅ ပုဒ်မြောက်ထွက်ရှိတဲ့ တေးသီချင်းဖြစ်တယ်လို့လည်း သိရပါတယ်။ “ရည်းစားသစ် အချစ်ဦး”သီချင်း Music Video ကို မကြာခင် Online Music Platform တွေက ထွက်ရှိဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။
#အုပ်စိုးထွေး #OakSoeHtwe #ရိုတ #ရည်းစားသစ်အချစ်ဦး #Music #MyanmarSinger #OwnTune #MusicPlatform #OnlineMusic #RoTa #HtetHtetMyarKhine #ShinMayKa









