၁၀.၂.၂၀၂၆
Written By Thandar
Show Like နဲ့ နိယျာယနထုတ်လုပ်ရေးတို့ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ Horror ဇာတ်လမ်းပုံစံ “ဝိညာဉ်ဖွဲ့ ကြိုး”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ဝိညာဉ်ဖွဲ့ကြိုး ဇာတ်ကားလေးမှာ ကျွန်တော်တို့ မစိုးပြည့်နဲ့ တခြားအဖွဲ့သားတွေ ရိုက်ကူးကြမယ့် Horror ကားလေးပါ။ မစိုးပြည့်နဲ့က တစ်ခါမှတော့ မဆုံဖူးပါဘူး။ အတူတူ ပူးပေါင်းပြီး ကြိုးစားမယ့်ကားပါ။ မစိုးပြည့်နဲ့ပထမဆုံး ဆုံပြီးရိုက်မှာဆိုတော့ ဒီဇာတ်ကားကို သေချာလည်း ပြင်ဆင်ထားပါတယ်။ ပရိသတ်တွေလည်း ဆန်းသစ်မယ့် ဇာတ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်”လို့ သရုပ်ဆောင် အောင်မင်းခန့်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ခိုင်ဇွန်ဝင့်က ရေးသားပြီး ဒါရိုက်တာ ထက်နောင်ထွန်းက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အောင်မင်းခန့်၊ အကယ်ဒမီစိုးပြည့်သဇင်၊ အောင်ပိုင်၊ နှင်း၊ သက်ဦးကို၊ မေဦးမိုး၊ ပန်သုခ၊ စိုင်းဇေယျ ၊ တင်ဇာဝင်းပြည့်၊ အေးအေးအောင်၊ ဆရာနောင်ထိပ်တင်နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
#အောင်မင်းခန့် #အကယ်ဒမီစိုးပြည့်သဇင် #အောင်ပိုင် #နှင်း #သက်ဦးကို #တင်ဇာဝင်းပြည့် #AungMinKhant #SoePyaeThazin #AungPaing #နိယျာယနထုတ်လုပ်ရေး #ဝိညာဉ်ဖွဲ့ကြိုး #ShowLike











