April 26, 2024

ကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေး ပညာပေး လုပ်ငန်း ဆောင်ရွက်နေစဉ်

၂၄. ၂. ၂၀၂၃
Written by Peya

ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းလာပြီဖြစ်သည့်အတွက် Mask တပ်ဆင်ခြင်း ကို ဖြေလျှော့ပေးလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်ရောဂါကို ကူးစက်မြန်ရောဂါအဖြစ် စတင်သတ်မှတ်သည့် အချိန်မှစတင်၍ ရောဂါ ကာကွယ်ရေးစည်းမျဉ်းများကို ကူးစက်မှု အခြေအနေကို မူတည်ပြီး ပြောင်းလဲဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခု ကာလတွင် ကိုဗစ် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပမာဏမှာ မြင့်မားလာခြင်းနှင့် ပြည်သူများ အနေဖြင့်လည်း ရောဂါကာကွယ်ရေး စည်းမျဉ်းများကို ပူးပေါင်းလိုက်နာခဲ့ခြင်းတို့ကြောင့် ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုများမှာ သိသိသာသာ ကျဆင်းနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Mask တပ်ဆင်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်သော်လည်း လူထူထပ်သော နေရာ၊ အလုံပိတ်နေရာ၊ လေဝင်၊ လေထွက် မကောင်းသော နေရာများတွင် တစ်ဦးနှင့် တစ်ဦး သုံးပေခြားရန် မဖြစ်နိုင်ပါက Mask တပ်ဆင်ရန် အသိပေးထားသည်။

အများပြည်သူ အသုံးပြုနေသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ် စသည့် ယာဉ်များဖြင့် ခရီးသွားခြင်း၊ ဆေးရုံ၊ ကျန်းမာရေးဌာနများ နှင့် ဘိုးဘွား ရိပ်သာများသို့ သွားရောက်ခြင်း၊ ကိုဗစ် ရောဂါ ကူးစက်ခံရပါက ရောဂါပြင်းထန် နိုင်ခြေ နှင့် သေဆုံးနိုင်ခြေ မြင့်မားသူများ၊ ကိုဗစ် ၁၉ ရောဂါ နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ ဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့် ရောဂါ လက္ခဏာရှိသူများမှာမူ Mask ကို ဆက်လက်တပ်ဆင်သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အကြံပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *