၂၄. ၂. ၂၀၂၃

Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းက ငွေကျပ် သိန်း ၃,၀၀၀ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကနဦး စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ငွေလွှဲလုပ်ငန်း တစ်ခုမှ အမျိုးသမီး ဝန်ထမ်းတစ်ဦးနှင့် ယာဉ်မောင်းတို့သည် ဆာကူရာတာဝါ ရှိ CB ဘဏ်မှ ငွေကျပ် သိန်း ၃,၀၀၀ ကို ထုတ်ယူကာ ဆာလာအိတ် နှစ်အိတ်ဖြင့် ထည့်၍ ကားဖြင့် သယ်လာပြီး ဗိုလ်ချုပ်လမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းအတွင်းသို့ ကွေ့ဝင် မောင်းနှင်ခဲ့ကြောင်း သိရသည်။

ထိုသို့ မောင်းလာစဉ် မဟာဗန္ဓုလပန်းခြံလမ်းအလယ်ဘလောက်အရောက်တွင် လူငါးဦးက ဓားမြှောင်များကိုင်ပြီး ယာဉ်ပေါ်တက်ကာ မဟာဗန္ဓုလလမ်းအတိုင်း ဆိပ်ကမ်းသာလမ်းထိပ်သို့ မောင်းခိုင်းပြီး အသင့်စောင့်နေသော ကားပေါ်သို့ အဆိုပါ ငွေအိတ် နှစ်အိတ်ကို ရွှေ့ပြောင်းကာ ထွက်ပြေးသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *