၇.၂.၂၀၂၆
Written By Thandar
ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄နာရီခွဲက နေပြည်တော်ရှိ MICC-1 ကျောက်စိမ်းခန်းမမှာ “၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ”မှာ ရုပ်ရှင်ချစ်ပရိသတ်တွေက အကယ်ဒမီနဲ့ပတ်သက်ပြီး အမျိုးသမီး ဇာတ်ပို့ဆုကို အနုပညာရှင်မင်းသမီးနှစ်လက်ဖြစ်တဲ့ မျိုးသန္တာထွန်းနဲ့ ခိုင်နှင်းဝေတို့ကို ပရိသတ်တွေ ခန့်မှန်းနေကြပါတယ်။
မျိုးသန္တာထွန်းက ဗြောသံနဲ့ နတ်ဝင်သည်ဇာတ်ကားတွေမှာ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ခိုင်နှင်းဝေက ဂုဏ်နဲ့ မောင့်မိဖုရားဇာတ်ကားတွေမှာလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ခဲ့ကြလို့ ပရိသတ်တွေက အမျိုးသမီးဇာတ်ပို့ဆုအတွက် ထင်ကြေးပေးနေကြလည်း ဖြစ်ပါတယ်။
“ဗြောသံ ရုပ်ရှင်ဇာတ်ကားကြီးက မြန်မာ့ရိုးရာရှင်ပြုအလှူတော်ကို အခြေခံပြု ရိုက်ကူးထားတဲ့ ဘဝသရုပ်ဖော်ဒရာမာရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး နတ်ဝင်သည် ရုပ်ရှင်ဇာတ်ကားကြီးက ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းနဲ့ ရိုမန့်ဒရာမာဇာတ်လမ်းလည်းဖြစ်ပါတယ်။
ဂုဏ် ရုပ်ရှင်ဇာတ်ကားကြီးက မိခင်တွေအားလုံးအတွက် ရည်ညွှန်းဖော်ပြထားတဲ့ဇာတ်ကားဖြစ်ပြီး မောင့်မိဖုရား ရုပ်ရှင်ဇာတ်ကားကြီးက မိဘမေတ္တာနဲ့ လူငယ်တွေရဲ့ချစ်ခြင်းဇာတ်လမ်းလည်းဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဇာတ်ပို့နေရာသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးနှစ်လက်ကို ရင်ထဲကနေ ဇာတ်ပို့ဆုတွေပေးအပ်နေတာလည်း ဖြစ်တာမို့ မကြာခင်မှာ ဇာတ်ပို့ဆုတွေဟာ ပရိသတ်နဲ့ ရင်ဘတ်ချင်းထပ်တူ ကျမလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
#အမျိုးသမီးဇာတ်ပိုဆု #မျိုးသန္တာထွန်း #ခိုင်နှင်းဝေ #MyoThandarTun #KhineHninWai #ဂုဏ် # မောင့်မိဖုရား #ဗြောသံ #နတ်ဝင်သည် #MyanmarAcademy




