၇.၂.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ မကျင်းပခင် အကယ်ဒမီ ၁၂ ဆုနဲ့ ရရှိမယ့်သူစာရင်းတချို့ ပေါက်ကြားတယ်ဆိုပြီးတော့ သတင်းထွက်ပေါ် နေလျက်ရှိပါတယ်။
အကယ်ဒမီဆုပေးပွဲမှာ ဆုရတယ်လို့ ပေါက်ကြားနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကတော့ မြေစာရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို မြင့်မြတ်၊ ဗြောသံ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ခင်ဝင့်ဝါ၊ မြေစာရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆုကို ဆင်မ၊ ဗြောသံရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို မျိုးသန္တာထွန်း၊ ပန်းမြိုင် လယ်မှ ဥယျာဉ်မှူးရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ ဝင်းလွင်ထက်ရရှိမှာ ဖြစ်တယ်လို့ ဖော်ပြနေတာ တွေ့ရပါတယ်။
ဒါ့အပြင် မေတ္တာအမွေ ပုဂံမြေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုကို အကယ်ဒမီ ငြိမ်းမင်း၊ နတ်ဝင်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ဝတ်မှုံရွှေရည်၊ မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးဓါတ်ပုံဆုကို ပီကေ၊ ဗြောသံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး တေးဂီတဆု၊ နတ်ဝင်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး တည်းဖြတ်ဆု၊ ပန်းမြိုင်လယ်ကဥယျာဉ်မှူး ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အသံဆု၊ နှင်းပွင့်စေရာ ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ JZ ဒေါင်လွဏ်း အထူးဆုရရှိမှာဖြစ်တယ်လို့ သတင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီပေါက်ကြားတယ်ဆိုမှုတွေက မဖြစ်နိုင်ကြောင်းကို“ကျွန်တော်တို့ အကယ်ဒမီတွေနဲ့ ပတ်သက်ပြီး တချို့က စာရင်းအတိအကျတွေ ဝေဖန်ပြောဆိုနေကြတာပါ။ ဘယ်သူရမယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်တောင် သေချာမသိပါဘူး။ ဆုတွေနဲ့ ပတ်သက်ပြီး မကြာခင် သိရမှာပါ။ အကယ်ဒမီက တကယ်တော့ ပရိသတ်တွေထင်မှတ်မထားသူတွေလည်း ရသွားနိုင်ပါတယ်”လို့ အကယ်ဒမီ စီစစ်ရေးဘက်က တာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။
ဒီစာရင်းတွေကြောင့် အနုပညာရှင်တချို့လည်း စိတ်မကောင်းဖြစ်နေကြသလို့ အကယ်ဒမီစာရင်းတွေက အမှန်ဟုတ်၊ မဟုတ်ကိုတော့ ယနေ့ညပိုင်းမှာ သေချာသိရမှာလည်းဖြစ်ပါတယ်။ ၂၀၂၅ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာတော့ ဘယ်သူတွေ အကယ်ဒမီရရှိသွားနိုင်မလဲဆိုတာ ပရိသတ်တွေရော ခန့်မှန်းပေးကြဦးနော်…။
#အကယ်ဒမီဆုပေးပွဲ #၂၀၂၅ခုနှစ်အကယ်ဒမီ #သတင်းပေါက်ကြား #နှင်းပွင့်စေရာ #ပန်းမြိုင်လယ်မှဥယျာဉ်မှူး #MyanmarAcademy #2025Academy







