၇.၂.၂၀၂၆
Written by Linn Eain
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတားသစ်ပေါ်တွင် YBS(City Bus) ယာဉ်များ ဖေဖော်ဝါရီ ၆ ရက်က စမ်းသပ်ပြေးဆွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ၊ YBPC နှင့် YUPT အများပိုင်ကုမ္ပဏီလိမိတက်တို့မှ တာ၀န်ရှိသူများသည် YUPT အများပိုင်ကုမ္ပဏီစီမံမှုအောက်ရှိ YBS (၅၈) ယာဉ်လိုင်းမှ City Bus (Forton )ယာဉ် (၂) စီး၊ တစ်စီးလျှင် ၀န်ထမ်း(၄၀) ဦးခန့်တင်ဆောင် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။
ထို့ပြင် YBPC အများပိုင်ကုမ္ပဏီ စီမံမှုအောက်ရှိ YBS(၇၂) ယာဉ်လိုင်းမှ City Bus(Ankai) ယာဉ်တစ်စီးနှင့် YBS(၁၀၈) ယာဉ်လိုင်းမှ City Bus(Youtong) ယာဉ်တစ်စီး စုစုပေါင်း ယာဉ်နှစ်စီးဖြင့် တစ်စီးလျှင် ၀န်ထမ်း (၃၀) ဦးခန့် တင်ဆောင်စမ်းသပ်ပြေးဆွဲခဲ့သည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတားကို ဖေဖော်ဝါရီ ၆ ရက်၊ နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြုခဲ့သည်။
Photo – YRTC







