သတိုး
၇. ၂.၂၀၂၆
မြန်မာနိုင်ငံက ကုလသမဂ္ဂထံ ငွေပေးသွင်းမှုမရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော် ကြေညာအပြီးမှာ NUG ဘက်ကူးသွားတဲ့ CDM သံအမတ် ကျော်မိုးထွန်းက သံရုံးပိုင်ငွေကြေး ၂ ဒသမ ၆ သန်းကို ဘယ်လိုသုံးစွဲနေလဲလို့ အမေရိကန်နိုင်ငံပိုင်သတင်းဌာနဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ ရပ်ဆိုင်းသွားတဲ့ VOA သတင်းဌာနရဲ့ မြန်မာပိုင်း ဌာနမှူးလုပ်ခဲ့သူ ဦးသန်းလွင်ထွန်းက ဖော်ထုတ်လိုက်သလို ကုလသမဂ္ဂကို ငွေမသွင်းဘဲ အလွဲသုံးစားလုပ်နေတဲ့ ကျော်မိုးထွန်းကိုလည်း သူခိုးလို့ ဝိုင်းဝန်းဝေဖန်နေကြပါတယ်။
ကျော်မိုးထွန်းဟာ တပ်မတော်ရဲ့ အာဏာထိန်းသိမ်းမှုကို လက်မခံဘူးလို့ကြွေးကြော်ပြီး NUG ကို ဘက်ပြောင်းပြီး CDM ဆက်လုပ်ချိန်မှာ ကုလသမဂ္ဂကလည်း ကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုခွင့် ဆက်ပေးခဲ့တာပါ။ ဒီလိုအချိန်မှာ ကျော်မိုးထွန်းက ကုလသမဂ္ဂကို ပေးသွင်းရမယ့်ငွေတွေ မပေးခဲ့သလို သူစီမံခန့်ခွဲခွင့်ရှိတဲ့ငွေကြေး ဒေါ်လာ ၂ ဒသမ ၆ သန်းရှိကြောင်းကို ဒီနေ့အထိ ထုတ်ဖော်မပြောခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မှာရှိတဲ့ မြန်မာနိုင်ငံပိုင်ကုလရုံးမှာ ဆက်နေနေပြီး သံရုံးပိုင်ငွေကြေးနဲ့ပစ္စည်းတွေကို ဆက်သုံးနေတဲ့အခြေအနေဖြစ်နေတယ်လို့ ဦးသန်းလွင်ထွန်းက ဖော်ထုတ်သလို အခုမှ ဒေါ်လာ ၂ ဒသမ ၆ သန်းအတွက် CDM လုပ်ခဲ့တာလို့ သိကုန်ကြတဲ့ အများပြည်သူကလည်း ကျော်မိုးထွန်း သူခိုးလို့ ဝေဖန်နေကြတာပါ။
“အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၅၀ လောက်က ကုလသမဂ္ဂကြီးထံ နှစ်စဉ်ပုံမှန်ထည်ဝင်ရမဲ့ ရန်ပုံငွေပေးသွင်းခြင်းမရှိတာကြောင့် ကုလအဖွဲ့ကြီး လုပ်ငန်းရပ်တန့်မဲ့အန္တရာယ်ရှိနေကြောင်း အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က မကြာသေးခင်က ထုတ်ဖော်ပြောကြားလိုက်တယ်။ တကယ်တမ်းမှာက အဲဒီနိုင်ငံ ၄၀၊ ၅၀ ဆိုတာက နှစ်နဲ့ချီပျက်ကွက်နေတဲ့နိုင်ငံတွေကိုဘဲပြောတာ။ ဥပမာ- အမေရိကန်က ၂၀၂၅ ကတည်းက ငွေမသွင်းဘူး (တနှစ်ပျှမ်းမျှ $ 700 milllions)။ မြန်မာက ၂၀၂၁ ကတည်းက ငွေမသွင်းဘူး (တနှစ်ပျှမ်းမျှ $ ၃သိန်း) ။ ဒီနှစ် ၂၀၂၆ အတွက် နောက်ဆုံးထား ပေးသွင်းရမဲ့ရက်ကန့်သတ်ချက်က ဖေဖော်ဝါရီလဆန်းမှာဖြစ်ပေမဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ သိရသလောက်ကတော့ စုစုပေါင်း ၅၂ နိုင်ငံဘဲငွေသွင်းရသေးတယ်။ ကုလအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိတာမို့ လောလောဆယ်မှာ နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ငွေမသွင်းတာ၊ ငွေသွင်းဖို့ နောက်ကျနေတာတွေဖြစ်နေတယ်။ ကုလသမဂ္ဂရဲ့ငွေကြေးအခက်အခဲအကြောင်း သတင်းတွေမှာဖတ်ရတော့ ကျွန်တော့်စိတ်ထဲမှာ အချိန်အတော်ကြာကြာကတည်းက ရှိနေခဲ့တဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးကြီးမေးခွန်းတစ်ခုပြန်ပေါ်လာတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၀ အတွက်အချိုးကျကုလရံပုံငွေ $ 280,534 (ဒေါ်လာ ၂ သိန်း ၈ သောင်းကျော်)ကို ပေးသွင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၀ ဒီဇင်ဘာလထုတ်ပြန်ချက်မှာတွေ့ရတယ်။၂၀၂၁ ကစပြီး မြန်မာနိုင်ငံကငွေမသွင်းတော့တာ..ငွေမရှိတော့လို့လား?..။ နယူးယော့ခ်မြို့မြန်မာကုလရုံးဟာ ကုလရေးရာကိစ္စတွေအတွက် သုံးစွဲဖို့ အရန်ငွေတွေကို Bank of America မှာ အကောင့်ဖွင့်ပြီးစုဆောင်းထားရှိတယ်..။ ၂၀၂၁ ဖေဖော်ဝါရီအထိ ဒေါ်လာ ၂ ဒသမ ၆ သန်းလောက်ရှိတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးမှာ အရန်သင့်ထားရှိတဲ့ အဲဒီငွေတွေဘယ်ရောက်ကုန်လဲ..???။ ဒီမေးခွန်းတွေအတွက် ကျွန်တော့်မှာ အဖြေ တချို့တဝက်ရှိပေမဲ့ အစအဆုံးအမှန်တက ယ်ရိုးရိုးသားရှင်းလင်းဖြေကြားရမဲ့သူကတော့ တစ်ဦးတည်းပဲ ရှိပါတယ်..”ဦးကျော်မိုးထွန်း”ပါ..။”လို့ ဦးသန်းလွင်ထွန်းက ဆိုပါတယ်။






၂၀၂၁ ဖေဖော်ဝါရီမှာ ဦးကျော်မိုးထွန်းဟာ NUG ကို သစ္စာခံပြီး CDM လုပ်ချိန်မှာ နယူးယော့ခ်မြို့ကုလသမဂ္ဂမြန်မာရုံးမှာ မြန်မာဝန်ထမ်း ၁၅ ဦးရှိတဲ့အထဲက ဦးကျော်မိုးထွန်းတစ်ယောက်ပဲ CDM လုပ်ခဲ့တာဖြစ်ပြီး ကျန်ဝန်ထမ်း ၁၄ ဦးထဲမှာ မြန်မာပြည်ပြန်ခေါ်သူ/အစားထိုးသူတွေနဲ့ အခု လက်ရှိ ၅ဦးပဲရှိတာကို UN e-Blue Book မှာ စာရင်းဖော်ပြထားတာကို တွေ့ရသလို နှစ်ပိုင်းကွဲနေတဲ့ နယူးယော့ခ်မြို့ မြန်မာကုလရုံးမှာ ဦးကျော်မိုးထွန်းကတစ်ဖက် ကျန် ၅ ဦးကတစ်ဖက် ဦးကျော်မိုးထွန်း CDM လုပ်တဲ့ကိစ္စမှာ လူတွေမသိတဲ့ အရေးအကြီးဆုံးအချက်တစ်ခုရှိတယ်။ နယူးယော့ခ်မြို့မြန်မာကုလသမဂ္ဂရုံးရဲ့ကုလရေးရာကိစ္စတွေမှာ သုံးစွဲဖို့အရန်ငွေအဖြစ် Bank of America အကောင့်မှာ အပ်နှံထားတဲ့ငွေ ဒေါ်လာ၂ ဒသမ ၆ သန်းကို စီမံခန့်ခွဲခွင့်ရှိသူ /ထုတ်ယူသုံးစွဲခွင့်ရှိသူ Administrator က သံအမတ်ကြီးဦးကျော်မိုးထွန်းတစ်ဦးထဲပဲ။ သူ CDM လုပ်တဲ့အချိန်မှာ အရံငွေ ဒေါ်လာ ၂ ဒသမ ၆ သန်းလောက်ရှိတယ်။ ဒီအကြောင်းကို သူက အခုချိန်ထိ ထုတ်ဖော်မပြောဘူး။ တစ်ချိန်က ဝါရှင်တန်မြန်မာသံရုံးက (ဦးအောင်လင်းထွဋ်အပါအဝင်) သံရုံးယာယီတာဝန်ခံတွေ ခိုလှုံခွင့်တောင်းခံတော့ သံရုံးငွေစာရင်းတွေကို အတိအကျစာရင်းပြပြီး ချန်ထားခဲ့ပါတယ်။
ဦးအောင်လင်းထွဋ်ဆိုရင် အဲဒီစာရင်းကို ကျွန်တော့်ဆီ (VOA) ကို ပေးပို့ခဲ့ပါတယ်။ ဦးကျော်မိုးထွန်းက”သူဟာ NUG ကို ကိုယ်စားပြုပြီး ကုလသမဂ္ဂရေးရာတွေကိုလုပ်ဆောင်ပေးနေတာမို့ ဒီရန်ပုံငွေတွေ (ဒေါ်လာ ၂ ဒသမ ၆သန်း) ကို သုံးစွဲနေရပါတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါဆို သူက ကုလသမဂ္ဂကို သွင်းစရာရှိတဲ့ငွေတွေဘာလို့မသွင်းသလဲ။ အသုံးစရိတ်တွေကိုစာရင်းရှင်းပြဖို့ လိုတာပေါ့..။ ဦးကျော်မိုးထွန်းဟာ CDM ဆိုပေမဲ့ သူ့ရဲ့လစာအသုံးစရိတ်နဲ့ သူ့ကိုကူဖို့ နယူးယော့ခ်ရုံးကိုမလိမ်တပတ်နည်းနဲ့ ခေါ်ယူထားတဲ့ ကမ္ဘောဒီးယားမြန်မာသံရုံးက စာရေးဝန်ထမ်းအမျိုးသမီးနဲ့ အစ္စရေးမြန်မာသံရုံးက စာရေးဝန်ထမ်းအမျိုးသား (သူအပါအဝင်စုစုပေါင်း ၃ ဦး) ကိုပဲ သူ့သဘောနဲ့သူ လစာတွေဆက်ပြီးခံစားခွင့်ပေးနေတယ်လို့ယူဆရတယ်။ သူဟာ မြန်မာနိုင်ငံကုလရုံးက ပိုင်ဆိုင်တဲ့ သံအမတ်ကြီးနေအိမ်မှာ ဆက်နေနေတာမို့ အိမ်ငှားခတွေ ဘာတွေလဲ ပေးစရာမလိုပါဘူး။ သူမလိမ့်တပတ်နဲ့ နယူးယော့ခ်ရုံးမှာ စာရေးဝန်ထမ်းတွေကို ခေါ်သုံးနေတယ်လို့ပြောရတာက ဒီလူနှစ်ယောက်ဟာ သူတို့ CDM လုပ်တဲ့ ကမ္ဘောဒီးယားနဲ့ အစ္စရေးနိုင်ငံတွေကနေ အမေရိကားကိုဘယ်လိုရောက်လာကြမှန်းမသိရလို့ပါ။ ဒီလူတွေကို UN e-Blue book ထဲက ကုလသမဂ္ဂမြန်မာရုံးဝန်ထမ်းစာရင်းမှာလည်း မတွေ့ရပါဘူး။ UN e-blue book မှာဖော်ပြထားတဲ့ ကျန်တဲ့မြန်မာအရာရှိဝန်ထမ်း ၅ ဦးဟာ မြန်မာအစိုးရကိုကိုယ်စားပြုဆဲဖြစ်တာမို့ မြန်မာအစိုးရဘက်က ပုံမှန်လစာပေးပါတယ်” လို့ ဦးသန်းလွင်ထွန်းက ဆက်လက် ဖော်ထုတ်ထားသလို ” အရေးအကြီးဆုံးအချက်ကိုပြန်လှည့်ရအောင်ပါ။ ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးရဲ့ Bank Of America အကောင့်ထဲက အရန်ငွေ ဒေါ်လာ ၂ ဒသမ ၆ သန်း ဘယ်ရောက်သွားပါသလဲ..????။
တဦးတည်း စီမံခန့်ခွဲပိုင်ခွင့် သုံးပိုင်ခွင့်ရှိသူ”ဦးကျော်မိုးထွန်း” ကိုယ်တိုင်ပဲ ရှင်းရမဲ့အချက်ပါ..ဘာဘာညာညာတွေဒီထက်ပိုပြီး မစွပ်စွဲချင်ပါဘူး..။ အားလုံးသိသင့်တဲ့ကိစ္စတစ်ခုဖြစ်ကြောင်းပဲ ထောက်ပြတာပါ…လူတွေက”တခြား Fundraisers တွေ၊ နွေဦးရန်ပုံငွေတွေ၊ ထောက်ပို့တွေ၊ ပရောဂျက်အလွဲသုံးမှုတွေ”အကြောင်းပဲ အာရုံရောက်နေတော့ အများသိသင့်တဲ့ဒီကိစ္စကြီးကို”မျက်စိသျှမ်း”နေကြတယ်ယ “ဦးကျော်မိုးထွန်းကိုယ်တိုင် ရှင်းပြလိုက်တာ အကောင်းဆုံးလို့ တိုက်တွန်းပါရစေ..”လို့လည်း မေးခွန်းထုတ်ထားပါတယ်။
ဦးသန်းလွင်ထွန်းက ဦးကျော်မိုးထွန်းရဲ့ မရိုးသားမှုအပေါ် ပို့စ်တင်ခဲ့တဲ့ အချိန်တစ်နာရီအတွင်းမှာ Like & React ၁၇၀၀ ကျော်ခဲ့သလို မှတ်ချက်ပြုသူ ၁၀၀ ကျော်ရှိပြီး အများစုကတော့ “ကျော်မိုးထွန်း = သူခိုး”လို့ မှတ်ချက်ပြုကြတာ တွေ့ရပြီး အကောင့်တစ်ခုကလည်း “နိုင်ငံတော်ပိုင်ဆိုတော့ ပြည်သူ့ဘဏ္ဍာလို့လည်း ပြောလို့ရပါတယ်။ US ဒေါ်လာ ၂ ဒသမ ၆ သန်းဆိုတော့ ကျပ်ငွေနဲ့တွက် နည်းနည်းနောနောပါလား။ အမေ့သားသုံးချောင်းထောင် CDM ကျော်မိုးထွန်း ခိုးလို့ကုန်ပြီထင်ပါရဲ့ကွာ”လို့ မှတ်ချက်ပြုထားပါတယ်။
ဒါ့အပြင် မျိုးနန္ဒာဆိုသူရဲ့ ပို့စ်ကို မျှဝေလာသူကလည်း “Bank of America က account withdrawal ကိုဘဏ်ကို အကြောင်းကြားပိတ်ရမှာပါ။ ဒီငွေက နိုင်ငံပိုင် ငွေဖြစ်ကြောင်း UN ကို Account transfer historic records တွေ ပြရမှာပါ။ ထိုငွေတွေက Joint co signs ရှိမှာပါ။ သံအမတ် တစ်ဦးတည်း ထုတ်ခွင့် မဖြစ်ရပါဘူး။ USA သံအမတ်နဲ့ UN သံအမတ် Joint account ဖြစ်ရမယ်။ ဒီ ငွေကို သူက ထုတ်သုံးရင် ဒါက International Laws နဲ့ တရားစွဲလို့ ရပါတယ်။
သူ့ (ကျော်မိုးထွန်း) ကို Criminal laws နဲ့ တရားစွဲရမှာပါ။”လို့လည်း မှတ်ချက်ပြုထားပါတယ်။
ဒေါ်လာ ၂ ဒသမ ၆ သန်းကျော်ကို အမေရိကန်က Bank Of America မှာ ၂၀၂၁ ကတည်းက အပ်နှံမယ်ဆိုရင် သာမန်အပ်ငွေအဖြစ်ထားမယ်ဆို အတိုးနှုန်းနည်းမှာဖြစ်ပေမဲ့ အချိန်ပိုင်းအပ်ငွေလို အတိုးများတဲ့ အပ်ငွေတွေနဲ့ အပ်ထားမယ်ဆိုရင်တော့ ဒီငါးနှစ်အတွင်းမှာ အတိုးကတင် ဒေါ်လာ သုံးသိန်းလောက်ရမှာဖြစ်ပါတယ်။
