နေမိုး
၇. ၂. ၂၀၂၆
ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်သို့တက်ကာ ပြည်သူများ၏ လွတ်လပ်စွာသွားလာနေမှုကို စစ်ဆေးဖမ်းဆီးခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခြင်းများဖြင့် မကြာခဏ ဒုက္ခပေးနေသော နွားထိုးကြီး PDF (Natogyi People Defence Force- မြင်းခြံခရိုင် တပ်ရင်း ၄ နှင့် တပ်ရင်း ၁၀) အဖွဲ့မှ PDF ကိုးဦး တပ်ကထွက်ပြေးသွားကြသည်။
PDF များ၏ မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဖြန့်ဖြူးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ဆက်ကြေးကောက်မှု၊ ပြည့်တန်ဆာခန်းဖွင့်လှစ် ငွေရှာမှု၊ သစ်၊ ရွှေ၊ ရေနံ သယံဇာတခိုးထုတ်ကာ လက်ဝါးကြီးအုပ်မှု၊ ပြည်သူ့အလှူငွေ ကိုယ်ကျိုးသုံးမှု၊ လက်နက်အားကိုးအနိုင်ကျင့်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ နယ်မြေအကျိုးစီးပွားအတွက် လူသားဒိုင်းအဖြစ် အသေခံခိုင်းမှု စသည့် သူခိုးဓားပြအသွင်လုပ်ရပ်များဖြင့် နာမည်ပျက်လာချိန်တွင် PDF ထောင်ချီ အလင်းဝင်ခြင်း၊ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးခြင်း၊ တပ်ပြေးအဖြစ် နေထိုင်ခြင်း စသည့်ဖြစ်စဥ်ရာထောင်ချီရှိလာသလို အမြန်လမ်းပေါ်တက်ကာ ပြည်သူကို ဒုက္ခပေးနေသော နွားထိုးကြီး PDF အဖွဲ့မှ PDF များလည်း တပ်က ထွက်ပြေးသွားခြင်းဖြစ်သည်။




နွားထိုးကြီး PDF ခေါင်းဆောင် စိုးအောင်နှင့် ကတုံးကြီးတို့က ထွက်ပြေးသွားသော PDF များကို နေရပ်၊ ရုပ်ပုံ၊ နာမည်ရင်းနှင့်သာမက ဖခင်နာမည်ကိုပါ ရေးသားဖော်ပြထားသည်ကို တွေ့ရပြီး ထိုသို့ကြေညာခံရသည့် PDF များမှာ မင်းကျော်ထက် (ခ) ဂြိုဟ်သား၊ စိုင်းညီခင်း (ခ) ကြက်ဖ၊ သူရမိုး (ခ) ဖက်ကြမ်း၊ ရဲရင့်ဦး (ခ) ဒေါန၊ ထက်ဝေဦး (ခ) ဝေယံ၊ ဌေးလင်းအောင် (ခ) ပေါက်ကြီး၊ ကျားကြီးစိန်၊ ဝဏ္ဏ၊ ရဲရင့်အောင် (ခ) ကဲယိုတို့ဖြစ်ပြီး ထွက်ပြေး PDF များနှင့် လက်ခံထားသူများကိုလည်း အရေးယူမည်ဟု ကြေညာထားသည်။




