



၆.၂.၂၀၂၆
Written By Thandar
မနက်ဖြန် ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီမှာ နေပြည်တော် (MICC 1) က ကျောက်စိမ်းခန်းမမှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးအတွက် အစမ်းကြိုတင်လေ့ကျင့်မှုတွေ လုပ်ဆောင်နေလျက်ရှိပါတယ်။
အဆိုပါ လေ့ကျင့်မှုအပိုင်းတွေကို အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ဂျွန်လွင် (Star Models & Int’l) စတဲ့သူတွေက ပါဝင်ဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။




ဒီအကြိုပြင်ဆင်မှုမှာ မြန်မာရိုးရာ ယဉ်ကျေးမှုအကပိုင်းတွေ၊ တေးသီချင်းသီဆိုမှုအပိုင်းတွေကို ပြင်ဆင်ဆောင်ရွက်နေကြလည်း ဖြစ်ပါတယ်။
အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုရရှိကြတဲ့ အနုပညာရှင်တွေကို ရွှေစင်ကြယ်ရုပ်တုကို ကိုင်ဆောင်ပေးကြမယ့် ရွှေကြိုမောင်မယ်တွေကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ကတည်းက လေ့ကျင့်မှုတွေနဲ့ ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။
