၃.၂.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့အတွက် ရုပ်ရှင်လောကသား အနုပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ ဇာတ်ကားရိုက်ကူးမှု တွေကို လေးရက်တာ ဆိုင်းငံ့ပေးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံလာပါတယ်။
“ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၇ ရက်မှာ ကျင်းပတော့မှာဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားတွေဖြစ်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို ခေတ္တရပ်ဆိုင်းပေးရမှာပါ။ ရက်ကတော့ အများကြီးမဟုတ်ပါဘူး။ လေးရက်လောက်ပါပဲ။ တချို့ ရိုက်ကူးရေးတွေကြောင့် ပြင်ဆင်စရာရှိနေတာလေးတွေ နှောင့်နှေးတာတွေ မဖြစ်အောင်လို့ပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။
လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ရိုက်ကူးရေးလုပ်ငန်းတွေကို ခေတ္တဆိုင်းငံ့ထားရမှာလည်း ဖြစ်ပါတယ်။
#ရုပ်ရှင်လောကသားတွေ #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #ဇာတ်ကားရိုက်ကူးမှု #ခေတ္တဆိုင်းငံ့ #မေတ္တာရပ်ခံ #အသိပေး #ကြေညာ #ဇာတ်ကားရိုက်ကူးမှုပုံဟောင်း



