ပုံစာ။ KIA သောင်းကျန်းသူနှင့် KPDF ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သော ကလေးငယ် (Photo Credit)
နေမိုး
၂. ၂. ၂၀၂၆
ဖားကန့်မြို့ရှိ ကချင်သောင်းကျန်းသူ KIA နှင့် ဩဇာခံ KPDF က တပ်မတော်ဗျူဟာကုန်းကို စိန်ပြောင်းလက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာမှ စာသင်ကျောင်းအတွင်း ကျည်ကျပြီး မူလတန်းကလေးငယ်နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရမှု ယနေ့ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၉ နာရီကျော်အချိန်က သောင်းကျန်းသူ KIA နှင့် KPDF တို့အကြား ပစ်ခတ်မှုဖြစ်ပွားရာမှာ KIA က တပ်မတော်ဗျူဟာကုန်းကို လက်နက်ကြီးဖြင့်ပစ်ရာမှာ အဆိုပါကျည်မှာ ဖားကန့်အထကကျောင်းအတွင်း ကျရောက်ပြီး စာသင်ဆောင်ပျက်စီးကာ Grade 4 ကျောင်းသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ကျည်ထိသည့်ကလေးငယ်နှစ်ဦးမှာ မိန်းကလေးငယ်တစ်ဦး၊ ယောကျ်ားလေးတစ်ဦးဖြစ်ပြီး နှစ်ဦးစလုံးမှာ ဦးခေါင်းကျည်ထိခဲ့ကြပြီး စောင့်ကြည့်နေရသည်ဟုလည်း ကနဦး သိရသည်။
“ဖားကန့်မြို့ရှိ တစ်ဖက်လက်နက်ကိုင်အဖွဲ့ မှ တပ်မကုန်းသို့ ၆၀ မမ စိန်ပြောင်းဟု ယူဆရသော လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ အထက ကျောင်းတွင်းရှိ ငြိမ်းချမ်းစွာ စာသင်ကြားနေသော KG ကျောင်းသားများရှိရာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။ သို့ပါ၍ မည်သည့်လက်နက်ကိုင် အဖွဲ့ဖြစ်ပါစေ စာသင်ကျောင်းများ ပြည်သူများရှိသောနေရာများသို့ လက်နက်ကြီးများ မပစ်ခတ်ကြပါရန် ပြည်သူများအားလုံးကိုယ်စား အနူးအညွှတ်မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်ခင်ဗျာ”ဟု ယခု ၂၀၂၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးက လူမှုကွန်ရက်တွင် တောင်းဆိုထားသည်။
ဖားကန့်အထကကျောင်းသည် တပ်မတော်စခန်းကုန်း(ဗျူဟာကုန်း) နှင့် ရဲစခန်းအကြားတည်ရှိပြီး ထိုသို့ စခန်းကုန်းကြား KIA နှင့် KPDF များပစ်ခတ်၍ စာသင်ကျောင်းအပေါ် လက်နက်ကြီးကျည်ကျမှုကို NUG နှင့် EAOs ထောက်ခံသောမီဒီယာများက တပ်မတော်ပစ်ခတ်သည်ဟုလည်း လိမ်လည်သတင်းထုတ်ပြန်လျက်ရှိသည်။
ပုံစာ။ KIA သောင်းကျန်းသူနှင့် KPDF ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သော ကလေးငယ်များနှင့် ပျက်စီးမှုပုံရိပ် (Photo Credit)






